1. ဇေဒကိသည်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုပုန်ကန်သဖြင့် နေဗုခဒ်နေဇာသည် မိမိ၏ တပ်မတော်နှင့်လာရောက်၍ ဇေဒကိ၏နန်းစံ ကိုးနှစ်၊ ဆယ်လနှင့်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ကိုတိုက်ခိုက်လေသည်။ သူသည်မြို့ပြင်၌ တပ်စခန်းချပြီးလျှင် မြို့ပတ်လည်တွင်မြေ ကတုတ်များကိုဖို့လုပ်၏။-
2. ထိုနောက်ဇေဒကိ၏နန်းစံတစ်ဆယ့်တစ်နှစ် မြောက်တိုင်အောင် မြို့ကိုဝိုင်းထား၏။-
3. ထိုနှစ်စတုတ္ထလကိုးရက်နေ့၌အစာရေစာ လွန်စွာခေါင်းပါးမှုကြောင့် မြို့သူမြို့သားတို့ တွင်စားစရာအလျှင်းမရှိကြတော့ပေ။-
4. ထိုအခါစစ်သူရဲအပေါင်းတို့သည်မြို့ကို ဗာဗုလုန်တပ်သားများဝိုင်းရံလျက်ရှိသော် လည်း မြို့ရိုးကိုဖောက်၍ညဥ့်အခါထွက်ပြေး ကြ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်လမ်း အတိုင်းသွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြား ရှိတံခါးပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်း ဘက်သို့ပြေးကြ၏။-
5. သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့သည် ဇေဒကိမင်းကိုလိုက်၍ဖမ်းကြရာ ယေရိခေါ မြို့အနီးရှိလွင်ပြင်တွင်မိလေသည်။ ဇေဒကိ ၏စစ်သူရဲအပေါင်းတို့သည်ကားမိမိတို့ အရှင်ကိုစွန့်၍ထွက်ပြေးကြ၏။-
6. ရန်သူတို့သည်ဇေဒကိအားနေဗုခဒ်နေဇာ မင်းရှိရာရိဗလမြို့သို့ခေါ်ဆောင်သွားကြ ရာ နေဗုခဒ်နေဇာသည်ထိုအရပ်၌ပင်စီရင် ချက်ချမှတ်လေသည်။-
7. ဇေဒကိ၏သားများကိုဖခင်၏မျက်မှောက်၌ ကွပ်မျက်ပြီးလျှင် ဇေဒကိ၏မျက်စိများကို ဖောက်၍သူ့အားသံကြိုးများဖြင့်ချည်နှောင် ကာဗာဗုလုန်ပြည်သို့ဖမ်းဆီးသွားလေ သည်။
8. ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏နန်းစံတစ် ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌မင်းကြီး ၏အတိုင်ပင်ခံဖြစ်သူတပ်မှူးနေဗုဇာရဒန် သည်ယေရုရှလင်မြို့သို့ချီတက်၍၊-
9. ဗိမာန်တော်၊ နန်းတော်နှင့်ယေရုရှလင်မြို့ရှိ အရေးပါအရာရောက်သူအပေါင်းတို့၏နေ အိမ်များကိုမီးရှို့လေသည်။-
10. သူ၏တပ်သားတို့သည်မြို့ရိုးကိုဖြိုချကြ၏။-
11. ထိုနောက်နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန် ရှိနေသေးသူများ၊ ကြွင်းကျန်သောအတတ် ပညာသည်များနှင့် ဗာဗုလုန်ဘုရင်ဘက်သို့ ကူးဝင်လာသူများအားဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။-
12. သို့ရာတွင်ဆင်းရဲသားအချို့တို့ကိုမူယုဒ ပြည်တွင် စပျစ်ဥယျာဉ်များနှင့်လယ်ယာများ တွင်အလုပ်လုပ်စေရန်ထားခဲ့လေသည်။
13. ဗာဗုလုန်အမျိုးသားတို့သည်ဗိမာန်တော်ရှိ ကြေးဝါတိုင်ကြီးများ၊ ကြေးဝါလှည်းများ၊ ကြေးဝါရေကန်ကြီးကိုအစိတ်စိတ်အမြွှာ မြွှာချိုးဖဲ့ပြီးလျှင် ကြေးဝါမှန်သမျှကို ဗာဗုလုန်ပြည်သို့ယူဆောင်သွားကြ၏။-