5. ထိုနောက်ရှာလမနေဇာသည်ဣသရေလပြည် သို့ချင်းနင်းဝင်ရောက်ကာ ရှမာရိမြို့ကိုဝိုင်း ရံထား၏။ သုံးနှစ်မျှကြာသောအခါ၊-
6. ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။
7. ရှမာရိမြို့ကျဆုံးရသည်မှာဣသရေလအမျိုး သားတို့သည် မိမိတို့အားအီဂျစ်ဘုရင်၏လက် မှကယ်ဆယ်ကာအီဂျစ်ပြည်မှထုတ်ဆောင်လာ တော်မူသော မိမိတို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားကြသောကြောင့်ဖြစ်၏။ သူတို့သည်အခြားဘုရားများကိုကိုးကွယ် ဝတ်ပြုကြ၏။-
8. ထာဝရဘုရား၏လူမျိုးတော်ချီတက်လာ ချိန်၌ ကိုယ်တော်နှင်ထုတ်တော်မူသောလူမျိုး တို့၏ဋ္ဌလေ့ထုံးစံများကိုလိုက်လျှောက်ကြ ၏။ ဣသရေလဘုရင်တို့တီထွင်ခဲ့သည့် ဋ္ဌလေ့ ထုံးစံများကိုခံယူကျင့်သုံးကြ၏။-
9. ဣသရေလအမျိုးသားတို့သည် မိမိတို့၏ ဘုရားသခင်ထာဝရဘုရားမနှစ်သက် သည့်အမှုတို့ကိုပြုကြ၏။ သူတို့သည်မိမိ တို့၏အငယ်ဆုံးသောရွာများမှအကြီး ဆုံးသောမြို့များတိုင်အောင် ရှိရှိသမျှသော မြို့ရွာတို့တွင်ရုပ်တုကိုးကွယ်ဝတ်ပြုရာ ဌာနများကိုတည်ဆောက်လျက်၊-
10. တောင်ကုန်းရှိသမျှတို့တွင်လည်းကောင်း၊ အရိပ် ကောင်းသည့်သစ်ပင်ရှိသမျှတို့၏အောက်တွင် လည်းကောင်း၊ ကျောက်တိုင်များနှင့်အာရှရဘုရား မ၏တံခွန်တိုင်များကိုထားရှိကြ၏။-
11. ထိုနောက်သူတို့သည်ခါနာန်ပြည်မှထာဝရ ဘုရားနှင်ထုတ်တော်မူလိုက်သည့် လူမျိုးများ ၏ဋ္ဌလေ့ထုံးစံများကိုယူကာ ရုပ်တုများ ကိုပူဇော်ရာယဇ်ပလ္လင်များပေါ်တွင်နံ့သာ ပေါင်းကိုမီးရှို့ကြ၏။ သူတို့သည်မိမိတို့ ၏အကျင့်ဆိုးများဖြင့် ထာဝရဘုရား၏ အမျက်တော်ကိုလှုံ့ဆော်ပေးကြ၏။-
12. ရုပ်တုကိုရှိမခိုးဝတ်မပြုရဟူသော ထာဝရ ဘုရား၏ပညတ်တော်ကိုမလိုက်နာကြ။
13. ထာဝရဘုရားသည်မိမိ၏စေတမန်များ နှင့်ပရောဖက်တို့ကိုစေလွှတ်၍ ဣသရေလ အမျိုးသားများနှင့်ယုဒအမျိုးသားများ ကိုသတိပေးတော်မူ၏။ ကိုယ်တော်က``သင်တို့ သည်မိမိတို့၏ဆိုးညစ်သောအကျင့်တို့ကို ရှောင်ရှားကြလော့။ သင်တို့ဘိုးဘေးများနှင့် ငါ၏အစေခံပရောဖက်များမှတစ်ဆင့် သင်တို့အား၊ ငါပေးအပ်သည့်ပညတ်တော် တွင်ပါရှိသောငါ၏အမိန့်တော်ကိုနာခံ ကြလော့'' ဟုမိန့်တော်မူ၏။-
14. သို့ရာတွင်သူတို့သည်ထာဝရဘုရား၏ စကားတော်ကိုနားမထောင်ကြ၊ မိမိတို့၏ ဘုရားသခင်ထာဝရဘုရားအား ယုံကြည် ကိုးစားမှုမပြုသူဘိုးဘေးတို့ကဲ့သို့ ခေါင်းမာလျက်နေကြ၏။-
15. သူတို့သည်ကိုယ်တော်၏သြဝါဒတော်တို့ကို မနာခံကြ။ ဘိုးဘေးတို့နှင့်ကိုယ်တော်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုမစောင့်ထိန်းကြ။ ကိုယ်တော်၏သတိပေးချက်များကိုလည်း ဂရုမစိုက်ကြ။ သူတို့သည်အသုံးမကျ သည့်အရာများကိုကိုးကွယ်သဖြင့် အသုံး မကျသူများဖြစ်လာကြ၏။ ထို့ပြင်ပတ် ဝန်းကျင်ရှိလူမျိုးတို့၏အတုကိုမယူ ကြရန် ထာဝရဘုရားမိန့်တော်မူသည်ကို မလိုက်နာဘဲ ထိုသူတို့၏ဋ္ဌလေ့ထုံးစံ များကိုလိုက်လျှောက်ကျင့်သုံးကြလေ သည်။-
16. သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏ပညတ်တော်ရှိသမျှကိုချိုးဖောက် ကြလျက် ကိုးကွယ်ရန်နွားလားဥသဘရုပ် နှစ်ကောင်ကိုသွန်းလုပ်ကြ၏။ သူတို့သည် အာရှရဘုရားမရုပ်တုကိုလည်းပြုလုပ် ကြ၏။ ကြယ်နက္ခတ်များကိုရှိခိုး၍ဗာလ ဘုရားကိုကိုးကွယ်ကြ၏။-