14. သို့ဖြစ်၍ရှောလမုန်သည်ဗိမာန်တော်ကိုပြီး အောင်တည်ဆောက်တော်မူ၏။
15. အတွင်းနံရံများကိုကြမ်းမှမျက်နှာကျက် တိုင်အောင် သစ်ကတိုးသားပျဉ်ဖြင့်ဖုံးအုပ်ပြီး လျှင် ကြမ်းကိုထင်းရှူးပျဉ်များဖြင့်ခင်းထား လေသည်။-
16. အလွန်သန့်ရှင်းရာဌာနတော်ဟုခေါ်တွင် သောဗိမာန်တော်အတွင်းခန်းသည် အလျား ပေသုံးဆယ်ရှိ၍ယင်းကိုသစ်ကတိုးသား ပျဉ်များဖြင့်မျက်နှာကျက်အထိကာရံ ထား၏။-
17. အလွန်သန့်ရှင်းရာဌာနအရှေ့ရှိအခန်းသည် အလျားပေခြောက်ဆယ်ရှိ၏။-
18. သစ်ကတိုးသားပျဉ်များတွင်အသီးအပွင့်ပုံ များထုလုပ်ခြယ်လှယ်ထားလေသည်။ ကျောက် နံရံကိုမမြင်နိုင်စေရန် ဗိမာန်တော်အတွင်း ပိုင်းတစ်ခုလုံးကိုသစ်ကတိုးသားဖြင့်ဖုံး အုပ်ထားသတည်း။
19. ဗိမာန်တော်၏အနောက်ဘက်ပိုင်းတွင် ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ထားရှိရန် အတွက် ဗိမာန်တော်အတွင်းခန်းကိုဆောက် လုပ်ထား၏။-
20. ထိုအခန်းသည်အလျားပေသုံးဆယ်၊ အနံပေ သုံးဆယ်၊ အမြင့်ပေသုံးဆယ်ရှိ၍ ယင်းကိုရွှေ စင်ဖြင့်မွမ်းမံထားလေသည်။ ယဇ်ပလ္လင်ကိုမူ သစ်ကတိုးသားဖြင့်ပြုလုပ်ထား၏။-
21. ဗိမာန်တော်အတွင်းပိုင်းကိုရွှေဖြင့်မွမ်းမံထား ပြီးလျှင် ရွှေဖြင့်ပင်မွမ်းမံသည့်ဗိမာန်တော် အတွင်းခန်း၏အဝင်ဝကိုရွှေကြိုးများဆွဲ ချိပ်ထားလေသည်။-
22. ဗိမာန်တော်အတွင်းပိုင်းတစ်ခုလုံးကိုလည်း ကောင်း၊ ဗိမာန်တော်၏အလွန်သန့်ရှင်းရာ ဌာနရှိယဇ်ပလ္လင်ကိုလည်းကောင်းရွှေဖြင့် မွမ်းမံ၍ထားသတည်း။
23. သံလွင်သားဖြင့်ပြုလုပ်၍ အမြင့်ဆယ့်ငါးပေ စီရှိသောခေရုဗိမ်နှစ်ပါးကို အလွန်သန့်ရှင်း ရာဌာနတော်တွင်ထားရှိ၏။-
24-26. ထိုခေရုဗိမ်နှစ်ပါးတို့သည်အရပ်နှင့်သဏ္ဌာန် တူညီကြ၏။ ယင်းတို့တွင်အလျားခုနစ်ပေခွဲ ရှိသောအတောင်နှစ်ခုစီရှိသဖြင့် အတောင် ဖျားတစ်ခုမှအခြားတစ်ခုအထိတစ်ဆယ့် ငါးပေရှိလေသည်။-