18. အာဟပ်သည်ယောရှဖတ်အား``ဤသူသည် အဘယ်အခါ၌မျှ ကျွန်ုပ်အတွက်အကောင်း ကိုမဟော။ အဆိုးကိုသာဟောတတ်ကြောင်း ကျွန်ုပ်ပြောခဲ့ပြီမဟုတ်လော'' ဟုဆို၏။
19. မိက္ခာကဆက်လက်၍အာဟပ်အား``ထာဝရ ဘုရားမိန့်တော်မူသောစကားကိုယခုနား ထောင်ပါလော့။ ထာဝရဘုရားသည်ကောင်းကင် ဘုံရှိပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ သည်ကိုလည်းကောင်း၊ ကိုယ်တော်၏အပါးတော် တွင်ကောင်းကင်တမန်များရပ်လျက်နေကြ သည်ကိုလည်းကောင်းငါမြင်၏။-
20. ထာဝရဘုရားက`အာဟပ်သည်ရာမုတ်မြို့ သို့ချီတက်၍ကျဆုံးစေရန် အဘယ်သူသည် သူ့အားလိမ်လည်လှည့်စားမည်နည်း' ဟုမေး တော်မူလျှင်ကောင်းကင်တမန်တို့သည် အမျိုးမျိုးအဖုံဖုံလျှောက်ထားကြ၏။-
21. နောက်ဆုံး၌ဝိညာဉ်တစ်ပါးသည်ထာဝရဘုရား ၏ရှေ့တော်သို့လာ၍`ဤသူအားအကျွန်ုပ်လိမ်လည် လှည့်စားပါမည်' ဟုလျှောက်၏။ ထာဝရဘုရား က`အဘယ်သို့နည်း' ဟုမေးတော်မူသော်၊-
22. ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရော ဖက်များထံသို့သွား၍သူတို့အားလိမ်လည် ဟောပြောစေပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားကလည်း`သင်သွား၍အာဟပ်အားလိမ် လည်လှည့်စားလော့။ အောင်မြင်လိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုလျှောက်ထား၏။