27. မွန်းတည့်ချိန်၌ဧလိယသည်သူတို့အား``သင် တို့သည်ပို၍အသံကျယ်စွာဆုတောင်းကြ လော့။ ဗာလကားဘုရားပေတည်း။ သူသည်ဆင် ခြင်စဉ်စားလျက်သော်လည်းကောင်း၊ တပိုတပါး သွားလျက်သော်လည်းကောင်း၊ ခရီးလွန်၍သော် လည်းကောင်းနေပေမည်။ ထိုသို့မဟုတ်လျှင်လည်း အိပ်လျက်နေကောင်းနေမည်ဖြစ်၍သူ့အား နှိုးရကြမည်'' ဟုပြက်ရယ်ပြု၍ဆို၏။-
28. သို့ဖြစ်၍ဗာလပရောဖက်တို့သည်ပို၍အသံ ကျယ်စွာဆုတောင်းလျက် ဋ္ဌလေ့ထုံးစံရှိသည့် အတိုင်းဋ္ဌားနှင့်ဋ္ဌားမြှောင်များဖြင့်သွေးယို စီးလာသည့်တိုင်အောင်ကိုယ်ကိုရှစေကြ လေသည်။-
29. သူတို့သည်ညနေစောင်းတိုင်အောင်ကျယ်လောင် စွာဟစ်အော်ကြသော်လည်းအဖြေမရကြ။ မည်သည့်အသံကိုလည်းမကြားရကြ။
30. ထို့နောက်ဧလိယကလူတို့အား``ငါ့အနီး သို့လာကြလော့'' ဟုဆိုသဖြင့် လူတို့သည် သူ၏ပတ်လည်သို့လာရောက်စုရုံးကြသော အခါ ဧလိယသည်ဖြိုချထားသည့်ထာဝရ ဘုရား၏ယဇ်ပလ္လင်ကိုပြန်၍ပြုပြင်၏။-
31. သူသည်ဣသရေလဟူသောနာမည်ဖြင့် ထာဝရဘုရားသမုတ်တော်မူသူ ယာကုပ်မှ ဆင်းသက်လာသောတစ်ဆယ့်နှစ်နွယ်ကိုရည် စူး၍ကျောက်ဆယ့်နှစ်လုံးကိုယူပြီးလျှင်၊-
32. ထာဝရဘုရားကိုကိုးကွယ်ဝတ်ပြုရန်ယဇ် ပလ္လင်ကိုတည်လေသည်။ ထိုယဇ်ပလ္လင်၏ပတ်လည် ၌ရေလေးဂါလံခန့်ဝင်သည့်မြောင်းကိုတူး၏။-
33. ထို့နောက်ထင်းကိုယဇ်ပလ္လင်ပေါ်တွင်စီ၍တင် ပြီးနောက် နွားကိုအပိုင်းပိုင်းခုတ်၍ထင်းပေါ်တွင် တင်ထားလေသည်။ သူက``အိုးလေးလုံးကိုရေ အပြည့်ခပ်၍ပူဇော်သကာနှင့်ထင်းပေါ်သို့ လောင်းလော့'' ဟုဆိုသည့်အတိုင်းလူတို့ လောင်းပြီးသောအခါ၊-
34. ဧလိယက``တစ်ဖန်လောင်းဦးလော့'' ဟုဆို၏။ လူတို့သည်နောက်တစ်ကြိမ်လောင်းပြီးသောအခါ ဧလိယက``ထပ်မံ၍လောင်းဦးလော့'' ဟုဆို ပြန်၏။ လူတို့သည်လည်းထပ်မံ၍လောင်းကြ သဖြင့်၊-
35. ရေသည်ယဇ်ပလ္လင်ပတ်လည်သို့စီး၍မြောင်း သည်ရေပြည့်လေ၏။