18-19. ပရောဖက်ရှမွေလလက်ထက်မှအစပြု၍ အဘယ်အခါ၌မျှပသခါပွဲတော်ကို ဤကဲ့ သို့ကျင်းပခဲ့ဘူးသည်မရှိ။ ယောရှိမင်းနန်းစံ တစ်ဆယ့်ရှစ်နှစ်မြောက်၌ယောရှိမင်းနှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ၊ ယုဒပြည်သူများ၊ ဣသရေလပြည်သူများ နှင့်ယေရုရှလင်မြို့သူမြို့သားများ ကျင်းပ ကြသည့်ပသခါပွဲတော်မျိုးကိုအခြား အဘယ်ဘုရင်မျှမကျင်းပခဲ့ဘူးချေ။
20. ယောရှိမင်းသည်ဗိမာန်တော်အတွက်ဤသို့ သောအမှုအရာများကိုဆောင်ရွက်ပြီးချိန် ၌ အီဂျစ်ဘုရင်နေခေါသည်ဥဖရတ်မြစ်ပေါ် ရှိခါခေမိတ်မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ လေသည်။ ယောရှိသည်သူ့အားဆီးတားရန် ချီတက်ရာ၊-
21. နေခေါက``အို ယုဒမင်း၊ ယခုကျွန်ုပ်တိုက်သည့် စစ်ပွဲသည်အဆွေတော်နှင့်မည်သို့မျှမသက် ဆိုင်။ ကျွန်ုပ်သည်အဆွေတော်အားတိုက်ခိုက်ရန် လာသည်မဟုတ်။ ကျွန်ုပ်၏ရန်သူများကိုတိုက် ခိုက်ရန်သာလာရောက်ခြင်းဖြစ်၏။ ဘုရားသခင်ကဆောလျင်စွာတိုက်ခိုက်ရန်ကျွန်ုပ် အားမိန့်တော်မူပါ၏။ ကျွန်ုပ်၏ဘက်၌ရှိ တော်မူသောဘုရားသခင်အားဆန့်ကျင် ဘက်မပြုပါနှင့်။ သို့မဟုတ်လျှင်ဘုရားသခင်သည်အဆွေတော်ကိုသုတ်သင် ဖျက်ဆီးတော်မူပါလိမ့်မည်'' ဟုယောရှိ ထံသို့စေတမန်လွှတ်၍မှာလိုက်၏။-
22. သို့ရာတွင်ယောရှိသည်စစ်တိုက်ရန်သန္နိဋ္ဌာန် ချထားပြီဖြစ်သဖြင့် မိမိကိုယ်ကိုရုပ်ဖျက် ၍တိုက်ပွဲဝင်လေသည်။ သူသည်နေခေါမင်း အားဖြင့်ထာဝရဘုရားမိန့်တော်မူသော စကားကိုနားမထောင်ဘဲမေဂိဒ္ဒေါလွင်ပြင် ၌တိုက်ပွဲဝင်လေ၏။
23. တိုက်ပွဲဝင်နေစဉ်ယောရှိသည်အီဂျစ်လေးသည် တော်တို့၏မြားချက်ထိမှန်သဖြင့်``ငါသည် ပြင်းစွာဒဏ်ရာရပြီ။ ငါ့အားထုတ်ဆောင် သွားလော့'' ဟုမိန့်တော်မူ၏။-
24. သူ၏တပ်သားတို့သည်လည်းမင်းကြီးကိုချီ ကြွ၍ အသင့်ရှိနေသောအခြားရထားတစ် စီးအပေါ်သို့တင်ပြီးလျှင်ယေရုရှလင်မြို့ သို့ယူဆောင်သွားကြ၏။ မင်းကြီးသည်ရထား ပေါ်၌ပင်ကွယ်လွန်တော်မူသဖြင့် သူ၏ အလောင်းကိုဘုရင်များ၏သင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။ ယုဒပြည်သူများနှင့်ယေရုရှလင် မြို့သူမြို့သားအပေါင်းတို့သည် မင်းကြီး ကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေး သည့်အထိမ်းအမှတ်ကိုပြုကြကုန်၏။
25. ပရောဖက်ယေရမိသည်ယောရှိမင်းအကြောင်း ငိုချင်းတစ်ပုဒ်ကိုရေးစပ်သီကုံး၍ အမျိုး သားအမျိုးသမီးအဆိုတော်များကယောရှိ ကွယ်လွန်သည့်အတွက် ဝမ်းနည်းပူဆွေးသည့် အထိမ်းအမှတ်ပြုရာတွင်ဤသီချင်းကို သီဆိုကြလေသည်။ ယင်းသို့သီဆိုမှုမှာ ဣသရေလအမျိုးသားတို့၏ဋ္ဌလေ့ထုံးစံ ဖြစ်လာရာ၊ ထိုငိုချင်းသည်ငိုချင်းပေါင်း ချုပ်တွင်ပါဝင်လေသည်။
26. ထာဝရဘုရားအားယောရှိဆည်းကပ်ပုံနှင့် ပညတ်တော်များကိုစောင့်ထိန်းပုံတို့ကို လည်းကောင်း၊-