4. သူသည်ယုဒပြည်ရှိခံတပ်မြို့တို့ကိုတိုက်ခိုက် သိမ်းယူကာ ယေရုရှလင်မြို့အရောက်ချီတက် လာလေသည်။
5. ရှိရှက်၏ဘေးမှလွတ်မြောက်ရန်ယေရုရှလင်မြို့ တွင်စုရုံးလျက်ရှိသော ရောဗောင်မင်းနှင့်ယုဒ ခေါင်းဆောင်များထံပရောဖက်ရှေမာယသွား ၍``ထာဝရဘုရားက`သင်တို့သည်ငါ့ကိုစွန့် ပယ်ကြသဖြင့် ငါသည်သင်တို့ကိုရှိရှက်လက် သို့ပေးအပ်လိုက်ပြီ' ဟုမိန့်တော်မူ၏'' ဟု ဆင့်ဆို၏။
6. မင်းကြီးနှင့်ခေါင်းဆောင်များသည်မိမိ တို့အပြစ်ကူးခဲ့သည်ကိုဝန်ခံကြပြီး လျှင်``ထာဝရဘုရားသည်တရားမျှတ တော်မူပါ၏'' ဟုဆိုကြ၏။
7. ဤအချင်းအရာကိုထာဝရဘုရားမြင် တော်မူသောအခါ``သူတို့သည်မိမိတို့အပြစ် ကိုဝန်ခံကြသည်ဖြစ်၍ငါသည်သူတို့အား ဖျက်ဆီးမည်မဟုတ်။ ရှိရှက်တိုက်ခိုက်မှုကြောင့် သူတို့သည်ပျက်စီးခြင်းဘေးမှလွတ်ရုံမျှ သာရှိလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း ငါ၏အမျက်တော်အရှိန်ကိုအပြည့်အဝ ခံရမည်မဟုတ်။-