9-10. ထာဝရဘုရားသည်ရှောလုနှင့်သူ၏သား မြေးများထံမှနိုင်ငံတော်ကိုရုပ်သိမ်း၍ ဒါဝိဒ်အားနိုင်ငံတစ်စွန်းမှတစ်စွန်းတိုင်အောင် ဣသရေလပြည်နှင့်ယုဒပြည်တို့၏ဘုရင် အဖြစ်ခန့်ထားတော်မူမည်ဟုကတိပြုတော် မူခဲ့၏။ ယခုငါသည်ထိုကတိတော်အကောင် အထည်ပေါ်စေရန်မဆောင်ရွက်ပါမူ ဘုရားသခင်သည်ငါ့အားအပြစ်ဒဏ်ခတ်တော်မူ ပါစေသော'' ဟုဆို၏။-
11. ဣရှဗောရှက်သည်အာဗနာကိုလွန်စွာ ကြောက်သဖြင့်စကားတစ်ခွန်းမျှပြန်၍ မတုံ့မပြန်ဝံ့ချေ။
12. ထိုအချိန်၌ဒါဝိဒ်သည်ဟေဗြုန်မြို့တွင်ရှိ နေသဖြင့် အာဗနာသည်သူ၏ထံသို့စေတမန် များကိုလွှတ်၍``ဤပြည်ကိုအဘယ်သူအုပ်စိုး ပါမည်နည်း။ အကျွန်ုပ်နှင့်သစ္စာဖွဲ့တော်မူလျှင် အရှင့်ဘက်သို့ဣသရေလတစ်ပြည်လုံးပါ လာစေရန်အကျွန်ုပ်ကူညီဆောင်ရွက်ပေးပါ မည်'' ဟုလျှောက်စေ၏။
13. ဒါဝိဒ်က``ကောင်းပြီ။ သို့သော်ငါ့ထံသို့သင် လာရောက်ချိန်၌ ရှောလု၏သမီးမိခါလ ကိုဆောင်ခဲ့ရမည်။ သို့မှသာငါသည်သင် နှင့်သစ္စာဖွဲ့နိုင်မည်'' ဟုပြန်ကြားလိုက်၏။-
14. ထိုနောက်ဒါဝိဒ်သည်ဣရှဗောရှက်ထံစေတမန် များလွှတ်၍``ငါ၏ဇနီးမိခါလကိုပြန်၍ ပေးလော့။ ငါသည်သူ့ကိုထိမ်းမြားနိုင်ရန် ဖိလိတ္တိအမျိုးသားအရေဖျားတစ်ရာဖြင့် ဝယ်ယူခဲ့ရ၏'' ဟုမှာကြားလိုက်၏။-
15. သို့ဖြစ်၍ဣရှဗောရှက်သည်မိခါလကိုလဲရှ ၏သား၊ ခင်ပွန်းဖာလတိထံမှပြန်သိမ်းစေ၏။-
16. ဖာလတိသည်ငိုကြွေးလျက်ဗာဟုရိမ်မြို့တိုင် အောင်မိခါလနောက်သို့လိုက်လေ၏။ ထို့နောက် အာဗနာက``အိမ်သို့ပြန်လော့'' ဟုဆိုသဖြင့် ပြန်သွားရ၏။
17. အာဗနာသည်ဣသရေလခေါင်းဆောင်များ ထံသို့သွား၍``ဒါဝိဒ်အားသင်တို့မင်းမြှောက် လိုကြသည်မှာကြာပေပြီ။-
18. ယခုအခါကားသင်တို့အဖို့အခွင့်ကောင်းပင် ဖြစ်ပါ၏။ ထာဝရဘုရားက`ငါ၏လူမျိုးတော် အားဖိလိတ္တိအမျိုးသားများနှင့်အခြားရန်သူ တို့လက်တွင်းမှငါ့ကျွန်ဒါဝိဒ်၏လက်ဖြင့် ကယ်မည်' ဟုမိန့်တော်မူခဲ့သည်ကိုအောက်မေ့ သတိရကြလော့'' ဟုဆို၏။-
19. အာဗနာသည်ဗင်္ယာမိန်အနွယ်ဝင်တို့အားလည်း တိုက်တွန်းပြောဆို၏။ ထိုနောက်သူသည်ဣသရေလ နှင့်ဗင်္ယာမိန်အနွယ်ဝင်တို့အဘယ်သို့သဘော တူညီကြကြောင်းကို ဒါဝိဒ်အားပြန်ကြား လျှောက်ထားရန်ဟေဗြုန်မြို့သို့သွား၏။