5. သူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး လျှင် ဂဒ်နယ်ချိုင့်ဝှမ်းအလယ်ရှိအာရော်မြို့ ၏တောင်ဘက်တွင်စခန်းချကြ၏။ ထိုနောက် ထိုအရပ်မှမြောက်ဘက်တွင်ရှိသောယာဇာ မြို့သို့လည်းကောင်း၊-
6. ထိုမှတစ်ဖန်ဂိလဒ်ပြည်နှင့်ဟိတ္တိနယ်ကာ ဒေရှမြို့သို့လည်းကောင်းဆက်လက်၍ခရီး ပြုကြ၏။ ထိုနောက်ဒန်မြို့နှင့်ဇိဒုန်မြို့တစ် ဝိုက်သို့သွားကြ၏။-
7. ထိုနောက်ရဲတိုက်ရှိရာတုရုမြို့သို့သွား ပြီးလျှင် ဟိဝိအမျိုးသားများနှင့်ကာနနိ အမျိုးသားတို့နေထိုင်ရာမြို့အပေါင်းသို့ လည်းကောင်း၊ နောက်ဆုံး၌ယုဒပြည်တောင် ပိုင်းရှိဗေရရှေဗမြို့သို့လည်းကောင်းသွား ရောက်ကြလေသည်။-
8. သူတို့သည်တိုင်းနိုင်ငံတစ်ဝန်းလုံးကိုလှည့် လည်၍ ကိုးလနှင့်အရက်နှစ်ဆယ်ကြာသော အခါယေရုရှလင်မြို့သို့ပြန်ရောက်ကြ၏။-
9. သူတို့သည်ဣသရေလပြည်တွင်စစ်မှုထမ်း နိုင်သူလူပေါင်းရှစ်သိန်းနှင့် ယုဒပြည်တွင် ငါးသိန်းရှိကြောင်းမင်းကြီးအားအစီရင် ခံကြ၏။