1. ဘုရားသခင်ချီးမြှင့်တော်မူခြင်းကိုခံရသော ဘုရင်အဖြစ်ဖြင့် ယာကုပ်၏ဘုရားဘိသိက်ပေး တော်မူသောဣသရေလနိုင်ငံတွင် သာယာစွာ သီချင်းဖွဲ့ဆိုသောယေရှဲ၏သားဒါဝိဒ်၏နောက် ဆုံးမိန့်မြွက်သည့်စကားကားအောက်ပါအတိုင်း ဖြစ်သည်။
2. ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်ကြားတော်မူ၏။နှုတ်ကပတ်တော်သည်ငါ၏နှုတ်ဖျားတွင် တည်လျက်ရှိ၏။
3. ဣသရေလအမျိုးသားတို့၏ကွယ်ကာရာ အရှင်ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် ငါ့အားဤသို့မိန့်တော်မူ၏။``ဘုရားသခင်ကိုကြောက်ရွံ့ရိုသေလျက် တရားမျှတစွာအုပ်စိုးသောမင်းသည်၊
4. မိုးရွာပြီးနောက်မိုးသားများကင်းစင်လျက်အရုဏ်တက်ချိန်အခါမြက်များကိုအရောင် လက်စေသည့်နေမင်းနှင့်တူ၏''
5. ထိုနည်းတူစွာဘုရားသခင်သည်ငါ၏သား မြေးတို့ကို ကောင်းချီးပေးတော်မူလိမ့်မည်။အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည်မပျက်နိုင်မပြောင်းလဲနိုင်သော၊ထာဝရ ပဋိညာဉ်ကို ငါနှင့်ပြုထားတော်မူသောကြောင့်ဖြစ်၏။သို့ဖြစ်၍ငါ၏လိုအင်ဆန္ဒပြည့်စုံပြီ။ ဤကားငါ၏အောင်ပွဲပေတည်း။ယင်းသို့ဖြစ်စေရန်ဘုရားသခင်သည် ဧကန်မုချစီမံတော်မူလိမ့်မည်။
6. သို့ရာတွင်ဘုရားမဲ့သူတို့မူကားဖယ် ရှားခြင်းကို ခံရသည့်ဆူးပင်များနှင့်တူကြ၏။ထိုဆူးပင်တို့ကိုအဘယ်သူမျှလက်နှင့် မကိုင်မတွယ်နိုင်။
7. ယင်းတို့ကိုကိုင်တွယ်ရန်သံတန်ဆာသို့မဟုတ် လှံတံကိုအသုံးပြုရ၏။ထိုဆူးပင်တို့သည်မီးရှို့၍လုံးဝဖျက်ဆီးခြင်းကို ခံရလိမ့်မည်။
8. ဒါဝိဒ်၏သူရဲကောင်းတို့၏နာမည်များကို ဖော်ပြအံ့။ ပထမသူရဲကောင်းမှာဟပေါနိ မြို့သား၊ သူရဲကောင်းသုံးဦးတို့၏ခေါင်းဆောင် ယာရှောဘံဘက်ရှိဗက်ဖြစ်သည်။ သူသည်တိုက် ပွဲတစ်ခုတည်း၌လူရှစ်ရာကိုမိမိ၏လှံဖြင့် ထိုးသတ်ခဲ့သူဖြစ်၏။
9. သူရဲကောင်းသုံးဦးတို့အနက်ဒုတိယသူရဲ ကောင်းမှာအာဟော၏သားချင်းစုဝင်ဒေါဒေါ ၏သား၊ ဧလာဇာဖြစ်၏။ အခါတစ်ပါးက ဧလာဇာသည်စစ်ဆင်ရန်စုရုံးလျက်ရှိသော ဖိလိတ္တိအမျိုးသားတို့အားဒါဝိဒ်နှင့်တကွ စိန်ခေါ်ခဲ့၏။ ဣသရေလအမျိုးသားတို့ ဆုတ်ခွာကြသော်လည်း၊-
10. သူသည်မဆုတ်ခွာဘဲလက်အံသေ၍ဋ္ဌား ကိုလက်နှင့်ခွာမရသည့်တိုင်အောင် ဖိလိတ္တိ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။ ထို နေ့၌ထာဝရဘုရားသည်အောင်ပွဲကြီး ကိုခံစေတော်မူသဖြင့်တိုက်ပွဲပြီးဆုံး သွားသောအခါဣသရေလအမျိုးသား တို့သည်ကျဆုံးသည့်သူများထံမှလက် နက်တန်ဆာများကိုသိမ်းယူရန်ဧလာ ဇာရှိရာသို့လာရောက်ကြ၏။