22. ငါသည်ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ခဲ့ပါ၏။ငါ၏ဘုရားသခင်ကိုကျောမခိုင်းခဲ့ပါ။
23. ငါသည်ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကို စောင့်ထိန်းခဲ့၏။ကိုယ်တော်၏အမိန့်တော်တို့ကိုမဖီဆန်ခဲ့ပါ။
24. ငါသည်အပြစ်မဲ့သူဖြစ်ကြောင်းကိုလည်း ကောင်း၊ဒုစရိုက်ကိုရှောင်ကြဉ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
25. ထို့ကြောင့်ငါသည်အပြစ်ကင်းသူဖြစ်ကြောင်းကို သိတော်မူသဖြင့်လည်းကောင်း၊ငါသည်ဖြောင့်မတ်စွာပြုကျင့်သဖြင့်လည်းကောင်း၊ကိုယ်တော်သည်ငါ့အားဆုလာဘ်များကို ပေးသနားတော်မူ၏။
26. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်သစ္စာရှိ သူတို့အားသစ္စာစောင့်တော်မူ၏။အပြစ်ဆိုဖွယ်မရှိအောင်ကောင်းမြတ်သူတို့အား အကန့်အသတ်မရှိဘဲကျေးဇူးပြုတော်မူ တတ်၏။
27. စိတ်နှလုံးဖြူစင်သူတို့အားဖြူစင်သော စိတ်သဘောထားကိုလည်းကောင်း၊သူယုတ်မာတို့အားဆန့်ကျင်သော စိတ်သဘောထားကိုလည်းကောင်းပြတော် မူ၏။
28. ကိုယ်တော်သည်စိတ်နှိမ့်ချသူတို့အားကယ်တော် မူ၏။သို့ရာတွင်မာနထောင်လွှားသူတို့ကိုမူ နိမ့်ကျစေတော်မူ၏။
29. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အကျွန်ုပ်၏အလင်းဖြစ်လျက်အကျွန်ုပ်၏ အမှောင်ကိုလင်းစေတော်မူ၏။
30. ကိုယ်တော်ရှင်သည်ရန်သူများကိုတိုက်ခိုက်ရန် ခွန်အားကိုလည်းကောင်း၊သူတို့၏ခံတပ်များကိုဖြိုခွင်းရန်တန်ခိုးကို လည်းကောင်းအကျွန်ုပ်အားပေးတော်မူ၏။