33. မင်းကြီးကသူ့အား``ငါနှင့်အတူယေရု ရှလင်မြို့သို့လိုက်ခဲ့လော့။ သင့်အားငါ ကြည့်ရှုစောင့်ရှောက်မည်'' ဟုဆို၏။
34. သို့ရာတွင်ဗာဇိလဲက``အကျွန်ုပ်သည်ကြာ ကြာအသက်ရှင်ရတော့မည်မဟုတ်ပါ။ အ ဘယ်ကြောင့်အရှင်မင်းကြီးနှင့်ယေရုရှလင် မြို့သို့လိုက်ရပါမည်နည်း။-
35. အကျွန်ုပ်သည်အသက်ရှစ်ဆယ်ရှိပါပြီ။ အဘယ်အမှုတွင်မျှပျော်မွေ့နှစ်သက် ခြင်းမရှိတော့ပါ။ စားသောက်သည့်အစား အစာ၏အရသာကိုလည်းမသိနိုင်တော့ ပါ။ သီချင်းသံကိုလည်းမကြားနိုင်ပါ။ အ ကျွန်ုပ်သည်အရှင်မင်းကြီးအတွက်ဝန်လေး မည်သာဖြစ်ပါ၏။-
36. ဤသို့ကြီးမြတ်သည့်ဆုလာဘ်တော်နှင့်လည်း မထိုက်မတန်ပါ။ သို့သော်အကျွန်ုပ်သည် ယော်ဒန်မြစ်ကိုဖြတ်ကူးပြီးလျှင် အရှင် နှင့်အတူအနည်းငယ်လိုက်ပါမည်။-
37. မိဘတို့၏သင်္ချိုင်းအနီးတွင်သေနိုင်ရန် အကျွန်ုပ်အားအိမ်သို့ပြန်ခွင့်ပြုတော်မူပါ။ ဤသူသည်အကျွန်ုပ်၏သားခိမဟံဖြစ် ပါ၏။ အရှင်မင်းကြီး၊ သူ့အားခေါ်ဆောင် သွားပြီးနောက်သူ့အတွက်အရှင်အလိုတော် ရှိသည့်အတိုင်းပြုတော်မူပါ'' ဟုလျှောက်၏။
38. မင်းကြီးကလည်း``ငါသည်သူ့ကိုခေါ်သွား ပြီးလျှင်သင်အလိုရှိသည့်အတိုင်းသူ့အတွက် ဆောင်ရွက်ပေးမည်။ သင်၏အတွက်သင်တောင်း လျှောက်သည့်အတိုင်းငါပြုမည်'' ဟုပြန်လည် မိန့်ကြားတော်မူ၏။-
39. ထိုနောက်ဒါဝိဒ်နှင့်သူ၏လူအပေါင်းတို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူးကြ၏။ မင်းကြီးသည် ဗာဇိလဲအားနမ်းရှုပ်ပြီးလျှင်ကောင်းချီးပေး တော်မူ၏။ ထိုနောက်ဗာဇိလဲသည်မိမိနေရပ် သို့ပြန်လေ၏။
40. မင်းကြီးသည်ယော်ဒန်မြစ်ကိုကူးသောအခါ ယုဒပြည်တစ်ပြည်လုံးမှလူတို့နှင့် ဣသရေလ ပြည်တစ်ဝက်မှလူတို့သည်မင်းကြီးအားလိုက် ပါပို့ဆောင်ကြ၏။ ထိုနောက်မင်းကြီးသည် ဂိလဂါလမြို့သို့ဆက်လက်၍ကြွတော်မူ ၏။ ခိမဟံသည်လည်းလိုက်ပါသွားလေသည်။-
41. ထိုအခါဣသရေလအမျိုးသားအပေါင်းတို့ သည် မင်းကြီးထံလာ၍``အကျွန်ုပ်တို့၏ညီ အစ်ကိုများဖြစ်ကြသောယုဒပြည်သား တို့သည်အရှင်နှင့်တကွအရှင့်မိသားစု၊ အရှင့်လူတို့ကိုယော်ဒန်မြစ်တစ်ဘက်သို့ ပို့ဆောင်ခွင့်ရှိသည်ဟုအဘယ်ကြောင့်ထင် မှတ်ကြပါသနည်း'' ဟုလျှောက်ထားကြ၏။
42. ယုဒပြည်သားတို့က``မင်းကြီးသည်ငါတို့ အနွယ်ဝင်ဖြစ်သဖြင့် ငါတို့ထိုသို့ပြုကြ ခြင်းဖြစ်၏။ သို့ဖြစ်၍သင်တို့သည်အဘယ် ကြောင့်အမျက်ထွက်ရကြပါသနည်း။ ငါ တို့သည်မင်းကြီး၏ရိက္ခာတော်ကိုစား၍ ဆုလာဘ်တော်ကိုခံယူပါသလော'' ဟု ပြန်ပြောကြ၏။
43. ဣသရေလပြည်သားအပေါင်းတို့က``ဒါဝိဒ် မင်းသည်သင်တို့ပြောသည့်အတိုင်းသင်တို့ အနွယ်ဝင်ပင်ဖြစ်စေကာမူ ငါတို့သည်သင် တို့ထက်ဆယ်ဆပို၍သူ့အားပိုင်ဆိုင်ခွင့်ရှိ ပါ၏။ သင်တို့သည်အဘယ်ကြောင့်ငါတို့ အားအထင်သေးကြပါသနည်း။ အမှန် စင်စစ်မင်းကြီးအားပြန်လည်ဖိတ်ခေါ်ရန် ဦးစွာပထမပြောဆိုကြသူများကား ငါတို့ပင်ဖြစ်ပါ၏'' ဟုဆို၏။သို့ရာတွင်ဤသို့အရေးဆိုရာတွင်ယုဒ ပြည်သားတို့ကဣသရေလပြည်သားတို့ ထက်ပို၍ပြင်းထန်ကြ၏။