16. ထိုအချိန်၌ပင်လျှင်ဂေရ၏သား၊ ဗာဟု ရိမ်မြို့သားဗင်္ယာမိန်အနွယ်ဝင်ရှိမိသည် လည်း ဒါဝိဒ်မင်းကိုကြိုဆိုရန်ယော်ဒန်မြစ် သို့အလျင်အမြန်လာရောက်၏။-
17. သူနှင့်အတူဗင်္ယာမိန်အနွယ်ဝင်လူပေါင်း တစ်ထောင်ပါ၏။ ထို့ပြင်ရှောလုမိသားစု ၏အစေခံဇိဘသည်လည်းမိမိ၏သား တစ်ဆယ့်ငါးယောက်၊ အစေခံနှစ်ဆယ်နှင့် အတူလာရောက်လေသည်။ သူတို့သည်မင်း ကြီး၏အလျင်ယော်ဒန်မြစ်သို့ရောက်ရှိ ကြ၏။-
18. သူတို့သည်ဘုရင့်အိမ်တော်သားတို့ကို မြစ်တစ်ဘက်သို့ပို့ဆောင်ပေးရန်နှင့် မင်း ကြီးအလိုရှိရာကိုဆောင်ရွက်ပေးရန် မြစ်ကိုကူးကြ၏။မင်းကြီးသည်မြစ်ကိုကူးရန်အသင့်ပြင် ဆင်နေစဉ်ရှိမိသည်ရှေ့တော်၌ပျပ်ဝပ် ပြီးလျှင်၊-
19. အရှင်မင်းကြီး၊ အရှင်ယေရုရှလင်မြို့ မှထွက်ကြွတော်မူစဉ်အခါက အရှင့် အားအကျွန်ုပ်ပြစ်မှားခဲ့သည်ကိုခွင့်လွှတ် တော်မူပါ။ ထိုအမှုအတွက်အကျွန်ုပ် အားရန်ငြိုးထားတော်မမူပါနှင့်။ ထို အမှုကိုမေ့ပျောက်တော်မူပါ။-
20. အရှင်၊ အကျွန်ုပ်သည်ပြစ်မှားမိပါပြီ။ သို့ ဖြစ်၍မြောက်ဘက်အနွယ်ဝင်များထဲမှ အကျွန်ုပ်သည်ဦးစွာပထမအရှင်မင်း ကြီးအား ယနေ့လာရောက်ကြိုဆိုခြင်း ဖြစ်ပါ၏'' ဟုလျှောက်၏။
21. ဇေရုယာ၏သားအဘိရှဲက``ရှိမိအားသေ ဒဏ်ပေးသင့်ပါသည်။ သူသည်ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်ကိုကျိန်ဆဲ သူဖြစ်ပါ၏'' ဟုလျှောက်၏။
22. သို့ရာတွင်ဒါဝိဒ်သည် အဘိရှဲနှင့်သူ၏ အစ်ကိုယွာဘအား``သင်တို့ထင်မြင်ချက် ကိုအဘယ်သူတောင်းခံပါသနည်း။ သင် တို့သည်ငါ့ကိုဒုက္ခပေးလိုကြပါသလော။ ငါသည်ကားယခုအခါဣသရေလဘုရင် ဖြစ်လေပြီ။ ထို့ကြောင့်အဘယ်ဣသရေလ အမျိုးသားကိုမျှမသတ်ရကြ'' ဟု ဆိုပြီးလျှင်၊-
23. ရှိမိအား``သင်သည်သေဒဏ်ခံရမည်မဟုတ် ကြောင်းငါကတိပြု၏'' ဟုမိန့်တော်မူ၏။
24. ထိုနောက်ရှောလု၏မြေးမေဖိဗောရှက်သည် မင်းကြီးအားခရီးဦးကြိုပြုရန်လာရောက် ၏။ သူသည်မင်းကြီးယေရုရှလင်မြို့ကထွက် ခွာသွားချိန်မှအစပြု၍ အောင်မြင်စွာပြန် လည်ရောက်ရှိလာချိန်အထိ မိမိ၏ခြေတို့ ကိုမဆေး၊ မုတ်ဆိတ်ကိုမညှပ်၊ အဝတ်အစား ကိုလည်းမလျှော်မဖွတ်ဘဲနေ၏။-
25. မင်းကြီးသည်မေဖိဗောရှက်ယေရုရှလင် မြို့မှရောက်ရှိလာသောအခါ``မေဖိဗောရှက်၊ သင်သည်အဘယ်ကြောင့်ငါနှင့်အတူမ လိုက်ခဲ့ပါသနည်း'' ဟုမေးတော်မူ၏။
26. မေဖိဗောရှက်က``အရှင်မင်းကြီး၊ အရှင်သိ တော်မူသည့်အတိုင်းအကျွန်ုပ်သည်ခြေဆွံ့ သူဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်နှင့်အတူ မြည်းစီး၍လိုက်နိုင်ရန်မြည်းကိုကုန်းနှီး အတင်ခိုင်းသော်လည်းအကျွန်ုပ်၏အစေခံ သည်အကျွန်ုပ်အားလှည့်စားပါ၏။-
27. သူသည်အကျွန်ုပ်အကြောင်းကိုလည်းမင်း ကြီးအားလိမ်လည်လျှောက်ထားပါ၏။ သို့ ရာတွင်အရှင်သည်ထာဝရဘုရား၏ကောင်း ကင်တမန်ကဲ့သို့ဖြစ်သဖြင့် မိမိမှန်ကန် သည်ဟုအရှင်ထင်မြင်တော်မူသည့်အတိုင်း ပြုတော်မူပါ၏။-
28. အကျွန်ုပ်ခမည်းတော်၏အိမ်ထောင်စုသား အပေါင်းတို့သည် အရှင်၏လက်တွင်ကွပ်မျက် ခြင်းကိုခံထိုက်သူများဖြစ်ပါ၏။ သို့သော် လည်းအရှင်သည်အကျွန်ုပ်အားအရှင့်စား တော်ပွဲတွင်စားသောက်ခွင့်ကိုပေးတော်မူ ပါ၏။ အရှင်မင်းကြီးထံမှအဘယ်အရာ ကိုမျှထပ်မံအသနားခံရန်မရှိတော့ ပါ'' ဟုလျှောက်လေ၏။
29. မင်းကြီးက``သင်နောက်ထပ်ပြောဆိုရန်မလို တော့ပြီ။ ရှောလု၏ဥစ္စာပစ္စည်းများကိုသင်နှင့် ဇိဘတစ်ဝက်စီယူကြရန်ငါဆုံးဖြတ်ပြီး ဖြစ်သည်'' ဟုမိန့်တော်မူ၏။
30. မေဖိဗောရှက်ကလည်း``အားလုံးသူ့ကိုပင် ပေးတော်မူပါ။ အရှင်မင်းကြီးကောင်းမွန် ချောမောစွာပြန်လည်ရောက်ရှိခြင်းနှင့်ပင် လျှင်အကျွန်ုပ်ကျေနပ်လျက်နေပါ၏'' ဟု လျှောက်၏။
31. ဂိလဒ်ပြည်သားဗာဇိလဲသည်လည်းမင်း ကြီးအား ယော်ဒန်မြစ်တစ်ဘက်သို့ပို့ဆောင် ရန်ရောဂေလိမ်မြို့မှလာ၏။-
32. ဗာဇိလဲသည်အသက်ရှစ်ဆယ်ရှိ၍အလွန် အိုမင်းနေလေပြီ။ သူသည်အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်သဖြင့် မဟာနိမ်မြို့တွင် မင်းကြီးစခန်းချနေစဉ်အခါကစားနပ် ရိက္ခာထောက်ပံ့ခဲ့သူဖြစ်၏။-