13. ထို့ပြင်အာမသအား``သင်သည်ငါ၏ဆွေမျိုး ဖြစ်၏။ ယခုအချိန်မှစ၍သင့်အားယွာဘ ၏နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ငါ ခန့်ထားပြီ။ ယင်းသို့ငါမပြုပါမူဘုရားသခင်သည်ငါ့အားအဆုံးစီရင်တော်မူပါ စေသော'' ဟုပြောကြားရန်လည်းမှာတော်မူ လိုက်၏။-
14. ဒါဝိဒ်၏စကားကြောင့်ယုဒပြည်သူပြည် သားအပေါင်းတို့၏စိတ်ကိုညွှတ်စေသဖြင့် သူတို့က``မင်းကြီးနှင့်မှူးမတ်အပေါင်းတို့ ပြန်ကြွတော်မူပါ'' ဟုလျှောက်စေကြ၏။
15. အပြန်ခရီးတွင်မင်းကြီးအားမြစ်တစ်ဘက် ကမ်းသို့ပို့ဆောင်ပေးရန် ဂိလဂါလမြို့သို့ လာရောက်ကြသည့်ယုဒပြည်သားတို့ သည်ယော်ဒန်မြစ်မှနေ၍ခရီးဦးကြို ပြုကြလေသည်။-
16. ထိုအချိန်၌ပင်လျှင်ဂေရ၏သား၊ ဗာဟု ရိမ်မြို့သားဗင်္ယာမိန်အနွယ်ဝင်ရှိမိသည် လည်း ဒါဝိဒ်မင်းကိုကြိုဆိုရန်ယော်ဒန်မြစ် သို့အလျင်အမြန်လာရောက်၏။-
17. သူနှင့်အတူဗင်္ယာမိန်အနွယ်ဝင်လူပေါင်း တစ်ထောင်ပါ၏။ ထို့ပြင်ရှောလုမိသားစု ၏အစေခံဇိဘသည်လည်းမိမိ၏သား တစ်ဆယ့်ငါးယောက်၊ အစေခံနှစ်ဆယ်နှင့် အတူလာရောက်လေသည်။ သူတို့သည်မင်း ကြီး၏အလျင်ယော်ဒန်မြစ်သို့ရောက်ရှိ ကြ၏။-
18. သူတို့သည်ဘုရင့်အိမ်တော်သားတို့ကို မြစ်တစ်ဘက်သို့ပို့ဆောင်ပေးရန်နှင့် မင်း ကြီးအလိုရှိရာကိုဆောင်ရွက်ပေးရန် မြစ်ကိုကူးကြ၏။မင်းကြီးသည်မြစ်ကိုကူးရန်အသင့်ပြင် ဆင်နေစဉ်ရှိမိသည်ရှေ့တော်၌ပျပ်ဝပ် ပြီးလျှင်၊-
19. အရှင်မင်းကြီး၊ အရှင်ယေရုရှလင်မြို့ မှထွက်ကြွတော်မူစဉ်အခါက အရှင့် အားအကျွန်ုပ်ပြစ်မှားခဲ့သည်ကိုခွင့်လွှတ် တော်မူပါ။ ထိုအမှုအတွက်အကျွန်ုပ် အားရန်ငြိုးထားတော်မမူပါနှင့်။ ထို အမှုကိုမေ့ပျောက်တော်မူပါ။-
20. အရှင်၊ အကျွန်ုပ်သည်ပြစ်မှားမိပါပြီ။ သို့ ဖြစ်၍မြောက်ဘက်အနွယ်ဝင်များထဲမှ အကျွန်ုပ်သည်ဦးစွာပထမအရှင်မင်း ကြီးအား ယနေ့လာရောက်ကြိုဆိုခြင်း ဖြစ်ပါ၏'' ဟုလျှောက်၏။
21. ဇေရုယာ၏သားအဘိရှဲက``ရှိမိအားသေ ဒဏ်ပေးသင့်ပါသည်။ သူသည်ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်ကိုကျိန်ဆဲ သူဖြစ်ပါ၏'' ဟုလျှောက်၏။
22. သို့ရာတွင်ဒါဝိဒ်သည် အဘိရှဲနှင့်သူ၏ အစ်ကိုယွာဘအား``သင်တို့ထင်မြင်ချက် ကိုအဘယ်သူတောင်းခံပါသနည်း။ သင် တို့သည်ငါ့ကိုဒုက္ခပေးလိုကြပါသလော။ ငါသည်ကားယခုအခါဣသရေလဘုရင် ဖြစ်လေပြီ။ ထို့ကြောင့်အဘယ်ဣသရေလ အမျိုးသားကိုမျှမသတ်ရကြ'' ဟု ဆိုပြီးလျှင်၊-
23. ရှိမိအား``သင်သည်သေဒဏ်ခံရမည်မဟုတ် ကြောင်းငါကတိပြု၏'' ဟုမိန့်တော်မူ၏။
24. ထိုနောက်ရှောလု၏မြေးမေဖိဗောရှက်သည် မင်းကြီးအားခရီးဦးကြိုပြုရန်လာရောက် ၏။ သူသည်မင်းကြီးယေရုရှလင်မြို့ကထွက် ခွာသွားချိန်မှအစပြု၍ အောင်မြင်စွာပြန် လည်ရောက်ရှိလာချိန်အထိ မိမိ၏ခြေတို့ ကိုမဆေး၊ မုတ်ဆိတ်ကိုမညှပ်၊ အဝတ်အစား ကိုလည်းမလျှော်မဖွတ်ဘဲနေ၏။-