6. ဒါဝိဒ်၏တပ်မတော်သည်ဣသရေလအမျိုး သားတို့အား စစ်ဆင်ရန်မြို့ပြင်သို့ထွက်ခွာ ပြီးလျှင်ဧဖရိမ်တော၌တိုက်ပွဲဝင်ကြ၏။-
7. ဣသရေလအမျိုးသားတို့သည်ဒါဝိဒ်၏ လူတို့လက်တွင် အကြီးအကျယ်အရေး ရှုံးနိမ့်ကြလေသည်။ ထိုနေ့တွင်သူတို့ဘက် မှလူပေါင်းနှစ်သောင်းမျှကျဆုံးသွား သတည်း။-
8. တိုက်ခိုက်မှုသည်တောတောင်များသို့ပျံ့နှံ့ ၍သွားသဖြင့် တောတွင်သေဆုံးသည့်လူဦး ရေမှာတိုက်ပွဲတွင်ကျဆုံးသည့်ဦးရေထက် ပင်များလေသည်။
9. အဗရှလုံသည်ရုတ်တရက်ဒါဝိဒ်၏လူ အချို့နှင့်တွေ့၏။ သူသည်လားကိုစီး၍ ဝက်သစ်ချပင်ကြီးတစ်ပင်အောက်သို့ဝင် လိုက်ရာသူ၏လည်သည်သစ်ကိုင်းများ ကြားတွင်ညပ်၍နေလေ၏။ လားသည်ဆက် လက်၍ပြေးသွားသဖြင့်အဗရှလုံမှာ လေထဲတွင်တွဲလွဲကျန်ရစ်လေတော့သည်။-
10. ဒါဝိဒ်၏လူတစ်ယောက်သည်သူ့ကိုမြင် သဖြင့်ယွာဘအား``အရှင်၊ ဝက်သစ်ချပင် မှာအဗရှလုံတွဲလွဲနေသည်ကိုအကျွန်ုပ် မြင်ခဲ့ပါသည်'' ဟုပြော၏။
11. ယွာဘက``သင်မြင်ခဲ့သည်မှန်က အဘယ် ကြောင့်ထိုနေရာ၌ပင်မထိုးသတ်ခဲ့ပါ သနည်း။ အကယ်၍သာသတ်ခဲ့လျှင်သင့် အားငွေဒင်္ဂါးတစ်ဆယ်နှင့်ခါးစည်းကို ငါဆုပေးလေပြီ'' ဟုဆို၏။
12. သို့ရာတွင် ထိုသူက``အကယ်၍အရှင်သည် အကျွန်ုပ်အားငွေဒင်္ဂါးတစ်ရာပင်ပေးသော် လည်း အကျွန်ုပ်သည်ဘုရင့်သားတော်ကို လက်ဖျားနှင့်မျှတို့မည်မဟုတ်ပါ။ မင်း ကြီးကအရှင့်အားလည်းကောင်း၊ အဘိရှဲ နှင့်အိတ္တဲအားလည်းကောင်း`ငါ့မျက်နှာကို ထောက်၍လူငယ်အဗရှလုံကိုဘေး အန္တရာယ်မပြုပါနှင့်'' ဟုမှာကြားတော် မူသည်ကိုအကျွန်ုပ်တို့အားလုံးကြား ကြပါ၏။-
13. သို့ပါလျက်အကျွန်ုပ်သည်မင်းကြီး၏ အမိန့်တော်ကိုနားမထောင်ဘဲ အဗရှလုံ အားသတ်မည်ဆိုပါကမင်းကြီးမကြား မသိသည့်အမှုအရာတစ်စုံတစ်ခုမျှ မရှိသဖြင့် ထိုအကြောင်းကိုကြားသိ တော်မူမည်သာဖြစ်ပါ၏။ ထိုအခါအရှင် သည်အကျွန်ုပ်ဘက်၌နေ၍ကာကွယ်ပြော ဆိုမည်မဟုတ်ပါ'' ဟုပြန်ပြောလေ၏။
14. ယွာဘက``ငါသည်သင်နှင့်ထပ်မံ၍အချိန် မဖြုန်းလိုတော့ပြီ'' ဟုဆိုပြီးလျှင်လှံသုံး စင်းကိုယူ၍ဝက်သစ်ချပင်မှတွဲလွဲကျ လျက် အသက်ရှင်နေသောအဗရှလုံ၏ ရင်ကိုထုတ်ချင်းပေါက်ထိုးလေသည်။-
15. ထိုနောက်ယွာဘ၏တပ်သားဆယ်ယောက် တို့သည် အဗရှလုံကိုဝိုင်း၍အဆုံး စီရင်လိုက်ကြ၏။
16. ယွာဘသည်အတိုက်အခိုက်ရပ်စဲစေရန် တံပိုးခရာကိုမှုတ်စေ၏။ ထိုအခါသူ ၏တပ်သားတို့သည်ဣသရေလအမျိုး သားတို့အားလိုက်လံတိုက်ခိုက်ရာမှပြန် လာကြ၏။-
17. သူတို့သည်အဗရှလုံ၏အလောင်းကို ယူ၍ တောထဲတွင်တွင်းနက်တစ်ခုထဲသို့ ပစ်ချကာ ကျောက်ခဲပုံကြီးဖြင့်ဖုံးအုပ် ထားကြ၏။ ဣသရေလအမျိုးသားအပေါင်း တို့သည်လည်း မိမိတို့နေရပ်အသီးသီး သို့ထွက်ပြေးကြကုန်၏။
18. အဗရှလုံသည်မိမိတွင်သားမရှိသဖြင့် မိမိနာမည်မတိမ်ကောစေရန်အသက်ရှင် စဉ်အခါက ဘုရင့်ချိုင့်ဝှမ်းတွင်ကျောက်တိုင် ကိုတည်ဆောက်၍ မိမိ၏နာမည်ဖြင့်ခေါ်တွင် စေရာအဗရှလုံကျောက်တိုင်ဟုယနေ့ တိုင်အောင်တွင်သတည်း။
19. ထိုနောက်ဇာဒုတ်၏သားအဟိမတ်သည်ယွာဘ အား``ထာဝရဘုရားသည်မင်းကြီးအားရန်သူ များလက်မှကယ်တော်မူပြီဖြစ်ကြောင်းသတင်း ကောင်းကိုမင်းကြီးထံသွားရောက်ကြားလျှောက် ပါရစေ'' ဟုတောင်းပန်၏။
20. ယွာဘက``ယနေ့သင်သည်အဘယ်သတင်း ကောင်းကိုမျှယူဆောင်၍မသွားရ။ အခြား တစ်နေ့နေ့၌သွားခွင့်ပြုမည်။ ဘုရင်၏သား တော်သေဆုံးပြီဖြစ်၍ယနေ့သင်သွား၍ မဖြစ်'' ဟုဆို၏။-
21. ထိုနောက်ယွာဘသည်မိမိ၏ကျွန်ကုရှိ အမျိုးသားအား``သင်တွေ့မြင်ရသည့်အမှု ကိုမင်းကြီးထံသွား၍သံတော်ဦးတင် လော့'' ဟုဆိုသဖြင့်သူသည်ယွာဘအား ဦးညွှတ်ပြီးလျှင်ပြေး၍သွားလေသည်။
22. အဟိမတ်က``အကျွန်ုပ်အားလည်းထိုသတင်း ကိုယူဆောင်သွားခွင့်ပြုပါ။ ဘေးတွေ့မည် ဖြစ်သော်လည်းအကျွန်ုပ်အမှုမထားပါ'' ဟုထပ်မံ၍တောင်းပန်၏။ယွာဘက``ငါ့သား၊ သင်သည်အဘယ်ကြောင့် ဤအမှုကိုပြုလိုပါသနည်း။ ယင်းသို့ပြု သည့်အတွက်ဆုလာဘ်ရရှိလိမ့်မည်မဟုတ်'' ဟုဆို၏။
23. အဟိမတ်ကလည်း``ဘေးတွေ့မည်ဖြစ်သော် လည်းအကျွန်ုပ်သွားလိုပါသည်'' ဟုတစ်ဖန် တောင်းပန်၏။ယွာဘက``ဤသို့ဖြစ်ပါမူသင်သွားလော့'' ဟုဆိုသဖြင့်အဟိမတ်သည်ယော်ဒန်မြစ် ချိုင့်ဝှမ်းလမ်းဖြင့်ပြေးသွားရာ ကုရှိအမျိုး သားကိုကျော်လွန်၍သွားလေ၏။
24. ဒါဝိဒ်သည်မြို့အပြင်တံခါးနှင့်အတွင်း တံခါးစပ်ကြားတွင်ရှိသောမြေကွက်လပ် တွင်ထိုင်လျက်နေ၏။ ကင်းစောင့်သည်မြို့ရိုး ပေါ်သို့တက်ပြီးလျှင် မြို့တံခါးအမိုးပေါ် မှရပ်၍ကြည့်လိုက်ရာလူတစ်ယောက် အဖော်မပါဘဲပြေးလာသည်ကိုမြင် သဖြင့်၊-