12. ထာဝရဘုရားသည်ငါ၏ဒုက္ခကိုမြင် တော်မူ၍ ထိုသူ၏ကျိန်စာအစားကောင်း ချီးမင်္ဂလာကိုချပေးကောင်းချပေးတော် မူပါလိမ့်မည်'' ဟုဆို၏။-
13. ထိုနောက်ဒါဝိဒ်နှင့်နောက်တော်လိုက်သူတို့ သည်ဆက်လက်၍ခရီးပြုကြ၏။ ရှိမိသည် တောင်ခါးပန်းတစ်လျှောက်လိုက်၍ကျိန်ဆဲ ကာကျောက်ခဲများဖြင့်ပေါက်၏။ မြေမှုန့် များနှင့်လည်းပက်၏။-
14. မင်းကြီးနှင့်အတူသူ၏လူအပေါင်းတို့သည် ယော်ဒန်မြစ်သို့ရောက်သောအခါ နွမ်းနယ်ကြ သဖြင့်ထိုအရပ်တွင်အပန်းဖြေကြ၏။
15. အဗရှလုံသည်လိုက်ပါလာသောဣသရေလ အမျိုးသားအပေါင်းတို့နှင့်အတူ ယေရု ရှလင်မြို့သို့ဝင်ကြ၏။ ထိုသူတို့နှင့်အတူ အဟိသောဖေလလည်းပါ၏။-
16. ဒါဝိဒ်၏လူယုံတော်ဟုရှဲသည်အဗရှလုံ ကိုတွေ့သောအခါ``မင်းကြီးသက်တော်ရှည် ပါစေသော။ မင်းကြီးသက်တော်ရှည်ပါစေ သော'' ဟုကြိုဆိုလေ၏။
17. အဗရှလုံက``သင်၏အဆွေတော်အပေါ်၌ ထားရှိသည့်ကျေးဇူးသစ္စာစကားအဘယ်သို့ ဖြစ်လေပြီနည်း။ သင်သည်အဘယ်ကြောင့်သူ နှင့်အတူလိုက်မသွားပါသနည်း'' ဟုမေး၏။
18. ဟုရှဲက``အကျွန်ုပ်သည်အဘယ်သို့လိုက်သွား နိုင်ပါမည်နည်း။ ထာဝရဘုရားရွေးချယ်ခန့် ထားသူဤလူစုနှင့်ဣသရေလအမျိုးသား အပေါင်းတို့ရွေးချယ်ခန့်ထားသူ၏အစေ ကိုအကျွန်ုပ်ခံပါမည်။ အကျွန်ုပ်သည်အရှင် နှင့်အတူနေပါမည်။-
19. အမှန်မှာအကျွန်ုပ်သည်မိမိသခင်၏ သားတော်ထံတွင်အမှုတော်မထမ်းဆောင် ပါလျှင် အဘယ်သူ၏ထံတွင်ထမ်းဆောင် ရပါမည်နည်း။ အကျွန်ုပ်သည်အရှင့်ခမည်း တော်၏အမှုတော်ကိုထမ်းဆောင်ခဲ့သည့် နည်းတူ ယခုအရှင်၏အမှုတော်ကို ထမ်းဆောင်ပါမည်'' ဟုလျှောက်၏။
20. ထိုနောက်အဗရှလုံသည်အဟိသောဖေလ ၏ဘက်သို့လှည့်၍``ငါတို့သည်အဘယ်အမှု ကိုပြုရကြပါမည်နည်း။ ငါတို့အားအကြံ ပေးလော့'' ဟုဆို၏။
21. အဟိသောဖေလက``နန်းတော်ကိုစောင့်စေ ရန်အရှင့်ခမည်းတော်ထားခဲ့သောမောင်းမ များရှိရာသို့ဝင်၍ ကိုယ်လက်နှီးနှောမှုကို ပြုတော်မူပါ။ သို့ပြုလျှင်ခမည်းတော်သည် အရှင့်အားရန်သူအဖြစ်သတ်မှတ်ကြောင်း လူအပေါင်းတို့သိသောအခါအရှင်၏ နောက်လိုက်နောက်ပါတို့သည်အလွန်အား ရကြပါလိမ့်မည်'' ဟုလျှောက်၏။-