1. ဒါဝိဒ်သည်တောင်ထိပ်ကိုအနည်းငယ်ကျော် မိသောအခါ မေဖိဗောရှက်၏အစေခံဇိဘ နှင့်တွေ့ဆုံလေ၏။ ဇိဘသည်မုန့်အလုံးနှစ် ရာ၊ စပျစ်သီးခြောက်အခိုင်တစ်ရာ၊ စပျစ်သီး မှည့်အခိုင်တစ်ရာနှင့်စပျစ်ရည်ဘူးတစ်ဘူး ကိုမြည်းနှစ်ကောင်ဖြင့်တင်ဆောင်လာ၏။-
2. ဒါဝိဒ်မင်းက``သင်သည်ဤပစ္စည်းများကို အဘယ်ကြောင့် ယူဆောင်လာပါသနည်း'' ဟု မေးတော်မူ၏။ဇိဘက``မြည်းများသည်အရှင်မင်းကြီး၏ မိသားစုစီးရန်ဖြစ်ပါသည်။ မုန့်နှင့်သစ်သီး များမှာငယ်သားတို့စားရန်ဖြစ်၍စပျစ် ရည်မှာတောကန္တာရတွင်သူတို့မောပန်းကြ သောအခါသောက်ရန်ဖြစ်ပါသည်'' ဟု လျှောက်၏။
3. မင်းကြီးက``သင်၏သခင်မေဖိဗောရှက် ကားအဘယ်မှာနည်း'' ဟုမေးတော်မူလျှင်၊ဇိဘက``ယခုအခါဣသရေလအမျိုးသား တို့သည် သူ့အားဘိုးတော်ရှောလု၏နိုင်ငံကို အပ်နှင်းကြတော့မည်ဟုယုံကြည်သဖြင့် သူ သည်ယေရုရှလင်မြို့တွင်နေရစ်ပါ၏'' ဟု လျှောက်လေသည်။
4. မင်းကြီးကလည်း``မေဖိဗောရှက်ပိုင်သမျှ သောပစ္စည်းဥစ္စာတို့ကိုသင့်အားငါပေး၏'' ဟုမိန့်တော်မူ၏။ဇိဘက``အကျွန်ုပ်သည်အရှင်၏အစေခံ ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်၏ရှေ့တော် ၌အစဉ်မျက်နှာရပါစေသော'' ဟု လျှောက်၏။
5. ဒါဝိဒ်သည်ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလု၏ဆွေတော်မျိုးတော်ဂေရ၏သား၊ ရှိမိ ဆိုသူသည်ဒါဝိဒ်အားကျိန်ဆဲလျက်မြို့မှ ထွက်လာ၏။-
6. ဒါဝိဒ်အားကိုယ်ရံတော်တပ်သားများနှင့်လူ တို့ခြံရံလျက်ရှိနေသော်လည်း ရှိမိသည် ဒါဝိဒ်နှင့်မှူးမတ်တို့အားခဲနှင့်ပေါက်လေ သည်။-
7. ရှိမိက``အသက်ကိုသတ်သောအချင်း ရာဇဝတ်ကောင်၊ ထွက်သွားလော့။ ထွက်သွား လော့။-