1. ထာဝရဘုရားသည်ပရောဖက်နာသန်အား ဒါဝိဒ်ထံသို့စေလွှတ်တော်မူသဖြင့် နာသန်သည် သွား၍မင်းကြီးအား``အခါတစ်ပါးကတစ်မြို့ တည်းနေလူနှစ်ယောက်ရှိ၏။ တစ်ယောက်သည်ချမ်း သာကြွယ်ဝ၍တစ်ယောက်ကဆင်းရဲ၏။-
2. သူဌေးတွင်နွားနှင့်သိုးအမြောက်အမြားရှိ၏။-
3. သူဆင်းရဲ၌ကားမိမိဝယ်ထားသောသိုးကလေး တစ်ကောင်သာရှိ၏။ သူသည်ထိုသိုးငယ်ကိုကြည့်ရှု စောင့်ရှောက်၏။ သိုးငယ်သည်သမီးသဖွယ်အိမ်တွင် သားသမီးများနှင့်အတူကြီးပြင်းလာသည်။ သူသည်သိုးငယ်အားမိမိစားသည့်အစား အစာကိုကျွေးတတ်၏။ မိမိ၏သောက်ရေခွက် မှရေကိုတိုက်၍ပေါင်ပေါ်တွင်ချီပွေ့ထား တတ်၏။-
4. တစ်နေ့သ၌သူဌေး၏အိမ်သို့ဧည့်သည်တစ် ယောက်ရောက်ရှိလာ၏။ သူဌေးသည်ဧည့်ဝတ် ပြုရန်အတွက်မိမိ၏သိုးနွားကိုမသတ် လိုသဖြင့် သူဆင်းရဲ၏သိုးငယ်ကိုယူ၍ သတ်ပြီးလျှင်ဧည့်သည်အားကျွေးမွေးရန် ချက်ပါ၏'' ဟုလျှောက်၏။
5. ထိုအခါဒါဝိဒ်သည်ထိုသူဌေးအားလွန်စွာ အမျက်ထွက်သဖြင့်``ဤသို့သောအမှုကိုပြုသူ သည်သေဒဏ်ခံသင့်ကြောင်းအသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါကျိန် ဆိုပါ၏။-