4. ငါသည်ရွှေစင်တန်ချိန်တစ်ရာတစ်ဆယ့် ငါးနှင့်ဗိမာန်တော်နံရံများမွမ်းမံချယ် လှယ်ရန်၊-
5. နှင့်လက်မှုပညာသည်တို့ပြုလုပ်ရန်ရှိသမျှ သောဝတ္ထုပစ္စည်းများ ငွေစင်အချိန်နှစ်ရာခြောက် ဆယ့်ငါးတန်ကိုလည်းပေးလှူခဲ့လေပြီ။ ယနေ့ အဘယ်သူသည်ထာဝရဘုရားအားရက်ရော စွာပေးလှူလိုပါသနည်း'' ဟုမိန့်တော်မူ၏။
6. ထိုအခါသားချင်းစုဦးစီးများ၊ အမျိုး အနွယ်ဝင်တို့ကိုအုပ်ချုပ်သူအရာရှိများ၊ တပ်မှူးများနှင့်ဘုရင့်ပစ္စည်းများကိုထိန်း သိမ်းအုပ်ချုပ်ရသူတို့သည်ဗိမာန်တော် အတွက်ပေးလှူရန်အလိုအလျောက်ဆန္ဒ ပြုကြကုန်၏။-
7. သူတို့သည်ရွှေတန်ချိန်တစ်ရာ့ကိုးဆယ်၊ ငွေ တန်ချိန်သုံးရာ့ရှစ်ဆယ်၊ ကြေးဝါတန်ချိန် ခြောက်ရာခုနစ်ဆယ့်ငါးနှင့်သံတန်ချိန်သုံး ထောင်ခုနစ်ရာ့ငါးဆယ်ကိုပေးလှူကြလေ သည်။-
8. ကျောက်မျက်ရတနာများရှိကြသူတို့သည် ယင်းတို့ကိုလေဝိအနွယ်ဝင်ဂေရရှုံသား ချင်းစုမှယေဟေလအုပ်ချုပ်သည့်ဗိမာန် တော်ဘဏ္ဍာတိုက်သို့ပေးလှူကြ၏။-
9. သူတို့သည်စေတနာစိတ်နှင့်ထာဝရ ဘုရားအားပေးလှူကြသည်ဖြစ်ရာ မိမိ တို့ဤမျှမြောက်မြားစွာပေးလှူခဲ့ရကြ သည့်အတွက်အားရဝမ်းမြောက်ကြကုန်၏။ ဒါဝိဒ်မင်းသည်လည်းလွန်စွာအားရဝမ်း မြောက်တော်မူ၏။
10. ဒါဝိဒ်သည်ထိုအရပ်ရှိလူစုတစ်ရပ်လုံး၏ရှေ့ တွင်ထာဝရဘုရားအားထောမနာပြုတော် မူ၏။ မင်းကြီးက``ကျွန်တော်မျိုးတို့၏ဘိုးဘေး ယာကုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ် တော်ရှင်သည်ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော် မူပါစေသတည်း။-
11. ကိုယ်တော်ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုး တော်ဘုန်းအသရေတော်၊ အရောင်အဝါတော်၊ အာနုဘော်တော်တို့နှင့်ပြည့်စုံတော်မူပါ၏။ ကောင်းကင်နှင့်မြေကြီးပေါ်တွင်ရှိသမျှသော အရာတို့ကိုပိုင်တော်မူ၍ ကိုယ်တော်ရှင်သည် လူခပ်သိမ်းတို့အားအချုပ်အခြာအာဏာ တော်ဖြင့်အစိုးရသည့်ဘုရင်ဖြစ်တော်မူပါ ၏။-
12. စည်းစိမ်ချမ်းသာနှင့်ပစ္စည်းဥစ္စာပေါများ ကြွယ်ဝမှုမှန်သမျှကိုကိုယ်တော်ရှင်ပေး တော်မူပါ၏။ ကိုယ်တော်ရှင်သည်အရာခပ် သိမ်းတို့ကိုခွန်အားစွမ်းရည်တန်ခိုးနှင့် အစိုးရတော်မူ၍ မည်သူ့ကိုမဆိုကြီး မြတ်၍သန်စွမ်းမှုကိုပေးတော်မူပါ၏။-
13. ကျွန်တော်မျိုးတို့၏ဘုရား၊ ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ဘုန်းအသရေနှင့်ပြည့်ဝသည့်နာမတော် ကိုထောမနာပြုကြပါ၏။''
14. ``အကယ်စင်စစ်ကျွန်တော်မျိုးနှင့်ကျွန်တော် မျိုး၏လူတို့သည် ကိုယ်တော်ရှင်အားအဘယ် အရာကိုမျှပေးလှူနိုင်စွမ်းမရှိပါ။ ခပ်သိမ်း သောအရာတို့သည်ကိုယ်တော်ရှင်ပေးသနား ထားသည့်ဆုကျေးဇူးများဖြစ်သဖြင့် ကျွန် တော်မျိုးတို့သည်ကိုယ်တော်ရှင်ပိုင်သည့် အရာများကိုသာလျှင်ကိုယ်တော်ရှင် အားပြန်လည်ဆက်သခြင်းဖြစ်ပါ၏။-
15. အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့သည် ဘိုးဘေးများနည်းတူပြည်နှင်ဒဏ်ခံရ ကြသူများနှင့်သူစိမ်းတစ်ရံဆံများကဲ့ သို့ဤဘဝတွင်ကျင်လည်ရကြကြောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။ ကျွန်တော် မျိုးတို့၏နေ့ရက်များသည်ရှည်လျား လျက်နေသောအရိပ်ကဲ့သို့ဖြစ်၍ ကျွန် တော်မျိုးတို့သည်သေဘေးနှင့်မလွတ် နိုင်ကြပါ။-
16. အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့၏ ဘုရား၊ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ် သည့်နာမတော်ကိုချီးမြှောက်နိုင်ရန် ဗိမာန် တော်တစ်ဆောင်တည်ဆောက်ရေးအတွက် ဤဥစ္စာအပေါင်းကိုကျွန်တော်မျိုးတို့ စုဆောင်းယူဆောင်ခဲ့ကြပါ၏။ သို့ရာ တွင်ထိုဥစ္စာပစ္စည်းအားလုံးသည်ကိုယ် တော်ရှင်ပေးသနားတော်မူသောအရာ များဖြစ်၍ယင်းတို့ကိုကိုယ်တော်ရှင် ပိုင်တော်မူပါ၏။-
17. ကိုယ်တော်ရှင်သည်လူတိုင်း၏စိတ်နှလုံး ကိုစစ်ဆေးကြည့်ရှုတော်မူ၍ သမာဋ္ဌိ ရှိသူတို့အားနှစ်သက်တော်မူသည်ကို ကျွန်တော်မျိုးသိပါ၏။ ကျွန်တော်မျိုး သည်ရိုးဖြောင့်မှန်ကန်သောစေတနာ စိတ်ဖြင့် ဤဘဏ္ဍာကိုကိုယ်တော်ရှင်အား ဆက်သပါ၏။ ဤအရပ်တွင်စုရုံးလျက် ရှိသောကိုယ်တော်ရှင်၏လူမျိုးတော်သည် လည်း ကိုယ်တော်ရှင်အားပေးလှူပူဇော် ရသဖြင့်အဘယ်မျှဝမ်းမြောက်ကြ သည်ကိုကျွန်တော်မျိုးတွေ့ရှိရပါပြီ။-
18. ကျွန်တော်မျိုးတို့၏ဘိုးဘေးများဖြစ် ကြသောအာဗြဟံ၊ ယာကုပ်နှင့်ဣဇာက် တို့၏ဘုရားသခင်ထာဝရဘုရား၊ ဤ သို့ဘုရားတရားစွဲလန်းတတ်သောစိတ် သဘောကို ကိုယ်တော်ရှင့်လူစုတော်၏ စိတ်နှလုံးတွင်အစဉ်သဖြင့်ခိုင်မြဲ စွာတည်ရှိစေတော်မူပါ။ သူတို့သည် ကိုယ်တော်ရှင်အပေါ်အစဉ်အမြဲ သစ္စာရှိစေတော်မူပါ။-
19. ကိုယ်တော်ရှင်မိန့်တော်မူသမျှတို့ကို စိတ်ရောကိုယ်ပါလိုက်နာလိုသောဆန္ဒကို လည်းကောင်း၊ ဗိမာန်တော်ကိုအပြီးတိုင် စိတ်ပါလက်ပါတည်ဆောက်လိုသောဆန္ဒ ကိုလည်းကောင်း ကျွန်တော်မျိုး၏သား ရှောလမုန်အားပေးတော်မူပါ။ ထိုဗိမာန် တော်အတွက်ကျွန်တော်မျိုးသည်ဤပြင် ဆင်မှုများကိုပြုလုပ်၍ထားပါပြီ'' ဟု လျှောက်ထား၏။
20. ထိုနောက်ဒါဝိဒ်သည်လူတို့အား``သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထို အခါလူထုတစ်ရပ်လုံးသည် မိမိတို့၏ ဘိုးဘေးများ၏ဘုရားသခင်ဖြစ်တော် မူသောထာဝရဘုရားကိုထောမနာ ပြုကြကုန်၏။ သူတို့သည်ထာဝရဘုရား ၏ရှေ့တော်နှင့်မိမိတို့၏ဘုရင့်ရှေ့တော် တွင်ဦးညွှတ်ပျပ်ဝပ်ကြကုန်၏။
21. နောက်တစ်နေ့၌သူတို့သည်ယဇ်ကောင်များ အဖြစ်ဖြင့်တိရစ္ဆာန်များကိုသတ်၍ ထာဝရ ဘုရားအားဆက်သပြီးလျှင် လူတို့အား စားသုံးရန်ပေးကြ၏။ သူတို့သည်စပျစ်ရည် ပူဇော်သကာများကိုလည်းယူဆောင်လာ ကြ၏။ ထိုအပြင်နွားသိုးတစ်ထောင်၊ သိုး ထီးတစ်ထောင်နှင့်သိုးငယ်တစ်ထောင်တို့ ကိုယဇ်ပလ္လင်ပေါ်တွင်တစ်ကောင်လုံး မီးရှို့ပူဇော်ကြလေသည်။-