13. လူဦးရေအနည်းအများကိုပမာဏမထား ဘဲအိမ်ထောင်စုတိုင်းပင်လျှင် မိမိတို့အစောင့် တာဝန်ကျမည့်တံခါးကိုမဲနှိုက်၍ယူရကြ၏။-
14. ရှေလမိသည်အရှေ့တံခါးကိုရ၍ သူ၏သား ဇာခရိသည်မြောက်တံခါးကိုရလေသည်။ သူ သည်အစဉ်ပင်အကြံကောင်းဉာဏ်ကောင်းကို ပေးတတ်သူဖြစ်၏။-
15. သြဗဒေဒုံသည်တောင်တံခါးကိုစောင့်ရန် တာဝန်ကျ၏။ သူ၏သားတို့သည်ကုန် လှောင်ရုံကိုစောင့်ရကြ၏။-
16. ရှုပိန်နှင့်ဟောသတို့သည်အနောက်တံခါးနှင့် အထက်လမ်းရှိ၊ ရှလ္လေခက်တံခါးတွင်တာဝန် ကျကြ၏။ အစောင့်တာဝန်ကိုတစ်ချိန်ပြီး တစ်ချိန် ခွဲခန့်သတ်မှတ်ထား၏။-
17. အရှေ့မျက်နှာတွင်အစောင့်တပ်သားခြောက် ယောက်၊ မြောက်မျက်နှာတွင်လေးယောက်နှင့် တောင်မျက်နှာတွင်လေးယောက်နေ့စဉ်တာဝန် ကျလေသည်။ ကုန်လှောင်ရုံများတွင်တစ်ရုံ လျှင်ခြောက်ယောက်စီနေ့စဉ်တပ်သားလေး ယောက်စောင့်ရကြ၏။-
18. အနောက်မျက်နှာစင်္ကြံအနီးလမ်းပေါ်တွင် အစောင့်တပ်သားလေးယောက်နှင့်စင်္ကြံထဲ တွင်နှစ်ယောက်ရှိ၏။-
19. ဤကားကောရ၏အိမ်ထောင်စုနှင့်မေရာရိ ၏အိမ်ထောင်စုတို့အားအစောင့်တာဝန်ခွဲခန့် သတ်မှတ်ပေးပုံဖြစ်သတည်း။
20. အခြားလေဝိအနွယ်ဝင်တို့ သည်ဗိမာန်တော်ဘဏ္ဍာတိုက်နှင့်ဘုရားသခင် အတွက် ဆက်ကပ်ထားသောလှူဖွယ်ပစ္စည်းများ သိုမှီးရာ ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရကြ၏။-
21. ဂေရရှုံ၏သားလာဒန်သည်ယေဟေလိအိမ် ထောင်စုအပါအဝင် အိမ်ထောင်စုများ၏ဘိုး ဘေးဖြစ်၏။-
22. လာဒန်၏အခြားသားများဖြစ်ကြသော ဇေသံနှင့်ယောလတို့သည် ဗိမာန်တော်ဘဏ္ဍာ တိုက်နှင့်ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရလေသည်။
23. အာမရံ၏သားမြေးများဖြစ်ကြသော ဣဇဟာ၊ ဟေဗြုန်နှင့်သြဇေလတို့ကိုလည်း အလုပ်တာဝန်ခံများခွဲခန့်သတ်မှတ်၍ ပေး၏။
24. မောရှေ၏သားဂေရရှုံသားချင်းစုမှ ရှေဗွေလ သည်ဗိမာန်တော်ဘဏ္ဍာတိုက်၏တာဝန်ခံအုပ် ချုပ်ရေးမှူးဖြစ်၏။-