14. ကျွန်တော်တို့သည်ယုဒပြည်တောင်ပိုင်းခေရသိ နယ်မြေနှင့် ကာလက်သားချင်းစု၏နယ်မြေကို တိုက်ခိုက်၍ဇိကလတ်မြို့ကိုမီးရှို့ခဲ့ကြပါ ၏'' ဟုပြန်ပြော၏။
15. ဒါဝိဒ်က``သင်သည်ထိုလူစုရှိရာသို့ငါ့ကို လမ်းပြပါမည်လော'' ဟုမေးလျှင်၊လူငယ်က``အရှင်သည်ကျွန်တော်ကိုမသတ်၊ ကျွန်တော်၏သခင်လက်သို့မပေးအပ်ပါဟူ ၍ဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ ကတိပြုပါလျှင်အရှင့်အားလမ်းပြပါ မည်'' ဟုဆိုပြီးလျှင်၊-
16. ဒါဝိဒ်ကိုထိုသူတို့ထံသို့ခေါ်ဆောင်သွားလေသည်။ထိုသူတို့သည်ဖိလိတ္တိပြည်နှင့်ယုဒပြည်တို့မှ ပစ္စည်းဥစ္စာအမြောက်အမြားကို သိမ်းယူရရှိခဲ့ သဖြင့် နေရာအနှံ့အပြားတွင်စားသောက်ကာ အောင်ပွဲခံလျက်နေကြ၏။-
17. ဒါဝိဒ်သည်နောက်တစ်နေ့အရုဏ်တက်ချိန်မှအစ ပြု၍ညဥ့်ဦးတိုင်အောင် သူတို့အားတိုက်ခိုက်ရာ ကုလားအုတ်စီးသူလူငယ်လေးရာမှလွဲ၍ အခြားအဘယ်သူမျှထွက်မပြေးနိုင်ချေ။-
18. ဒါဝိဒ်သည်မိမိမယားနှစ်ယောက်နှင့်တကွ အာမလက်အမျိုးသားတို့သိမ်းယူသွား သမျှတို့ကိုပြန်လည်ရရှိလိုက်လေသည်။-
19. အဘယ်အရာမျှပျောက်ဆုံးမှုမရှိ။ ဒါဝိဒ် သည်မိမိလူစု၏သားသမီးအပေါင်းကို လည်းကောင်း၊ အာမလက်အမျိုးသားတို့တိုက် ယူသွားသည့်ပစ္စည်းမှန်သမျှကိုလည်းကောင်း ပြန်၍ရလေသည်။-