13. လူတို့ထံမှယဇ်ပုရောဟိတ်တို့တောင်းဆိုပိုင်ခွင့် နှင့်ဆိုင်သောပြဋ္ဌာန်းချက်များကိုလည်းကောင်း ပမာဏမပြုဘဲယဇ်ပူဇော်နေသူထံသို့ မိမိ တို့၏အစေခံကိုသုံးခွခက်ရင်းနှင့်စေလွှတ် တတ်ကြ၏။ ထိုအစေခံသည်အိုးကင်းတွင် ချက်ပြုတ်နေဆဲအသားကို၊-
14. ခက်ရင်းဖြင့်ထိုးကာပါလာသမျှကို မိမိ၏ ယဇ်ပုရောဟိတ်အတွက်ယူသွားတတ်လေသည်။ ယဇ်ပူဇော်ရန်ရှိလောမြို့သို့ရောက်ရှိလာကြ သောဣသရေလအမျိုးသားအားလုံးပင် လျှင်ဤနည်းအတိုင်းပြုကျင့်ခြင်းကိုခံရ ကြ၏။-
15. ထို့အပြင်ဆီဥကိုမီးမရှို့ရမီယဇ်ပုရော ဟိတ်၏အစေခံသည် လာ၍ယဇ်ပူဇော်နေသူ အား``ယဇ်ပုရောဟိတ်အတွက်ကင်ပေးနိုင်ရန် အသားအနည်းငယ်ကိုပေးပါလော့။ ယဇ် ပုရောဟိတ်သည်ပြုတ်ပြီးအသားကိုအလို မရှိ။ အသားစိမ်းကိုသာအလိုရှိ၏'' ဟု ပြောဆိုတောင်းခံတတ်လေသည်။
16. အကယ်၍ယဇ်ပူဇော်နေသူက``ငါတို့သည် ထုံးစံရှိသည်အတိုင်းဆီဥကိုဦးစွာမီးရှို့ ပူဇော်ပြီးမှ သင်နှစ်သက်ရာအသားကိုယူ ပါလေ'' ဟုဆိုခဲ့သော်ယဇ်ပုရောဟိတ်အစေခံ သည်``အသားကိုယခုငါ့အားပေးလော့။ မပေး လျှင်အတင်းအဋ္ဌမ္မယူရလိမ့်မည်'' ဟုဆို တတ်၏။
17. ဧလိ၏သားတို့ဤသို့ပြုသောအမှုသည် ထာဝရဘုရား၏ရှေ့တော်တွင်လွန်စွာအပြစ် ကြီး၏။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ထာဝရဘုရားအားပေးလှူသောပူဇော် သကာများကိုမခန့်မညားပြုကြ သောကြောင့်ဖြစ်၏။
18. ဤအတောအတွင်း၌သူငယ်ရှမွေလသည် ပိတ်ချောသင်တိုင်းကိုဝတ်၍ထာဝရဘုရား ၏အမှုတော်ကိုဆောင်လျက်နေ၏။-
19. သူ၏အမိသည်နှစ်စဉ်ပူဇော်နေကျယဇ်ကို တင်လှူရန် ခင်ပွန်းသည်နှင့်အတူလိုက်ပါ လာသောအခါ ဝတ်လုံငယ်တစ်ခုကိုချုပ်၍ ယူဆောင်လာတတ်၏။-
20. ထိုအခါဧလိသည်ဧလကာနနှင့်ဇနီး အား ကောင်းချီးပေးပြီးလျှင်``ထာဝရဘုရား အားသင်ဆက်ကပ်သည့်သားအစား ကိုယ်တော် သည်သင့်အားဤအမျိုးသမီးအားဖြင့် အခြားသားသမီးများကိုပေးသနား တော်မူပါစေသော'' ဟုဧလကာနအား ပြောလေ့ရှိ၏။ထိုနောက်သူတို့သည်မိမိတို့နေအိမ်သို့ပြန် သွားကြ၏။
21. ထာဝရဘုရားသည်ဟန္နကိုကောင်းချီးပေး တော်မူသဖြင့် သူသည်သားသုံးယောက်နှင့် သမီးနှစ်ယောက်ကိုရလေသည်။ သူငယ် ရှမွေလသည်ထာဝရဘုရား၏အမှု တော်ကိုဆောင်ရွက်လျက်ကြီးပြင်းလာ၏။