1. ရှောလုနှင့်ဒါဝိဒ်တို့စကားပြောပြီးသည့် နောက်ရှောလု၏သားယောနသန်သည် ဒါဝိဒ် အပေါ်တွင်လွန်စွာချစ်ခင်စွဲလန်းလျက် သူ့အားမိမိကိုယ်နှင့်အမျှချစ်လာ၏။-
2. ရှောလုသည်ဒါဝိဒ်အားထိုနေ့မှစ၍အပါး တော်တွင်နေစေတော်မူ၏။ အိမ်ပြန်ခွင့်ကိုပေး တော်မမူ။-
3. ယောနသန်သည်ဒါဝိဒ်ကိုလွန်စွာချစ်သဖြင့် သူနှင့်ရာသက်ပန်မိတ်ဆွေဖွဲ့ရန်ကျိန်ဆို ကတိပြုလေသည်။-
4. သူသည်မိမိဝတ်ဆင်ထားသည့်ဝတ်လုံနှင့် တကွသံချပ်အင်္ကျီ၊ ဋ္ဌား၊ လေး၊ ခါးစည်းတို့ ကိုဒါဝိဒ်အားပေး၏။-
5. ဒါဝိဒ်သည်ရှောလုစေခိုင်းလေသမျှသော အမှုကိစ္စတို့၌အောင်မြင်သည်သာဖြစ်၏။ ထို့ကြောင့်ရှောလုသည်သူ့အားတပ်မတော် အရာရှိတစ်ဦးအဖြစ်ခန့်ထားတော်မူ၏။ ဤသို့ပြုတော်မူသည်ကိုရှောလု၏အရာ ရှိများနှင့်ပြည်သူပြည်သားများက နှစ်သက်သဘောကျကြ၏။
6. ဒါဝိဒ်သည်ဂေါလျတ်ကိုသတ်ပြီးနောက် စစ် သည်တပ်သားများနှင့်အတူအိမ်ပြန်လာ ရာ ရောက်ရှိလေရာမြို့များမှအမျိုးသမီး တို့သည်ရှောလုအားခရီးဦးကြိုပြုကြ၏။ လူတို့သည်ဝမ်းမြောက်စွာသီချင်းများဆို ၍ကခုန်လျက်ပတ်သာများနှင့်စောင်းငယ် များကိုတီးကြ၏။-
7. ယင်းသို့အောင်ပွဲကျင်းပရာ၌အမျိုးသမီး တို့က``ရှောလုသတ်သူအထောင်ထောင်၊ ဒါဝိဒ် သတ်သူအသောင်းသောင်း'' ဟုသီဆိုကြ လေသည်။-
8. ရှောလုသည်ဤသို့သီဆိုကြသည်ကိုမနှစ် သက်သဖြင့် အမျက်ထွက်၍``သူတို့ကဒါဝိဒ် သည်သောင်းပေါင်းများစွာသတ်၍ ငါမူကား ထောင်ပေါင်းများစွာသာသတ်ခဲ့ကြောင်းသီ ဆိုချေသည်။ သူ့အားထီးနန်းအပ်နှင်းရန် သာကျန်ပါတော့သည်တကား'' ဟုဆို ပြီးလျှင်၊-
9. ထိုနေ့မှစ၍ဒါဝိဒ်အားမနာလိုစိတ်ပွား များကာမယုံသင်္ကာဖြစ်၍နေတော့၏။
10. နောက်တစ်နေ့၌ဘုရားသခင်၏ထံတော်မှ နတ်မိစ္ဆာသည်ရှောလုကိုပူးဝင်သဖြင့် သူသည် သူရူးသဖွယ်နန်းတော်တွင်းဝယ်ဟစ်အော် လျက်နေ၏။ ရှောလုသည်လှံတန်ကိုကိုင် ထားပြီးလျှင်၊-
11. ``ငါသည်သူ့အားနံရံနှင့်ကပ်နေအောင်ထိုး သတ်အံ့'' ဟုကြံစည်ကာနှစ်ကြိမ်တိုင်တိုင် လှံနှင့်ပစ်သော်လည်း နှစ်ကြိမ်စလုံးပင်ဒါဝိဒ် ရှောင်တိမ်းလိုက်နိုင်၏။
12. ရှောလုသည်ဒါဝိဒ်ကိုကြောက်၏။ အဘယ်ကြောင့် ဆိုသော် ထာဝရဘုရားသည်ဒါဝိဒ်နှင့်အတူ ရှိတော်မူ၍ မိမိကိုမူစွန့်ပယ်တော်မူပြီးဖြစ် သောကြောင့်တည်း။-
13. သို့ဖြစ်၍ရှောလုသည်ဒါဝိဒ်အားလူတစ် ထောင်တပ်မှူးအဖြစ်ဖြင့်ခန့်ထား၍ အပါး တော်မှအဝေးသို့စေလွှတ်တော်မူ၏။ ဒါဝိဒ် သည်မိမိ၏တပ်သားတို့နှင့်အတူတိုက်ပွဲ ဝင်ရာ၊-
14. ထာဝရဘုရားသည်သူနှင့်အတူရှိတော် မူသဖြင့် သူပြုလေသမျှသောအမှုတို့ သည်အောင်မြင်လေ၏။-