42. ထိုအခါရှောလုက``ငါ့သားယောနသန်နှင့် ငါ့အားမဲချဦးလော့'' ဟုဆိုလျှင်ယောန သန်မဲကျလေ၏။-
43. ထိုအခါရှောလုသည်ယောနသန်အား``သင် အဘယ်အမှုကိုပြုသနည်း'' ဟုမေး၏။ယောနသန်က``အကျွန်ုပ်သည်ပျားရည်အနည်း ငယ်ကိုစားမိပါ၏။ အမိန့်တော်အတိုင်းသေ ဒဏ်ခံရန်အကျွန်ုပ်အသင့်ရှိပါ၏'' ဟုလျှောက် လျှင်၊
44. ရှောလုက``ငါသည်သင့်အားသေဒဏ်မပေး ခဲ့သော် ဘုရားသခင်သည်ငါ့အားအဆုံး စီရင်တော်မူပါစေသော'' ဟုဆို၏။
45. သို့ရာတွင်လူတို့ကရှောလုအား``ဣသရေလ အမျိုးသားတို့ကိုအောင်ပွဲကိုခံစေသော ယောနသန်အားသေဒဏ်ပေးပါမည်လော။ သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်မျှမြေသို့ မကျစေရန် အကျွန်ုပ်တို့သည်အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကတိပြုပါ၏။ ယနေ့သူပြုသောအမှု သည် ဘုရားသခင်၏အကူအညီဖြင့်ပြု သောအမှုဖြစ်ပါ၏'' ဟုလျှောက်ထားကြ ၏။ ဤသို့လျှင်လူတို့သည်ယောနသန်အား သေဘေးမှကယ်လိုက်ကြသတည်း။
46. ထိုနောက်ရှောလုသည်ဖိလိတ္တိအမျိုးသား တို့အား လိုက်လံတိုက်ခိုက်မှုကိုရပ်စဲလိုက် ၏။ လူတို့သည်လည်းမိမိတို့နယ်အသီး သီးသို့ပြန်ကြကုန်၏။
47. ရှောလုသည်ဣသရေလပြည်တွင်နန်းတက် ပြီးနောက် နေရာအနှံ့အပြားတွင်ရန်သူ များဖြစ်ကြသောမောဘပြည်သားများ၊ အမ္မုန်ပြည်သားများနှင့်ဧဒုံပြည်သား များကိုလည်းကောင်း၊ ဇောဘမင်းများနှင့် ဖိလိတ္တိအမျိုးသားများကိုလည်းကောင်း စစ်တိုက်ရလေသည်။ သူသည်မည်သည့် အရပ်တွင်တိုက်ပွဲဖြစ်သည်မဆိုအောင် မြင်သည် သာဖြစ်၏။-