12. သို့ဖြစ်၍သူတို့သည်အကျွန်ုပ်ရှိရာဂိလ ဂါလမြို့သို့ ချီတက်တိုက်ခိုက်ကြလိမ့်မည် ဟူ၍လည်းကောင်း၊ အကျွန်ုပ်သည်လည်းထာ ဝရဘုရား၏ထံတော်၌ အသနားမခံ ရသေးဟူ၍လည်းကောင်းအကျွန်ုပ်တွေးတော မိပါ၏။ ထို့ကြောင့်ယဇ်ကိုမပူဇော်လျှင် မဖြစ်တော့သဖြင့်ပူဇော်ရခြင်းဖြစ်ပါ သည်'' ဟုလျှောက်၏။
13. ရှမွေလက``သင်ပြုသည့်အမှုသည်မိုက်မဲ သောအမှုဖြစ်၏။ သင်သည်မိမိ၏အရှင် ထာဝရဘုရားပေးတော်မူသောအမိန့် တော်ကိုနားမထောင်။ အကယ်၍နားထောင် ခဲ့ပါလျှင်ကိုယ်တော်သည်သင်နှင့်တကွ သင်၏သားမြေးတို့အားဣသရေလပြည် ကိုထာဝစဉ်အုပ်စိုးစေတော်မူမည်။-
14. ယခုမှာမူသင်သည်နန်းသက်ရှည်တော့ မည်မဟုတ်။ သင်သည်မိမိ၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောအမိန့် တော်ကိုလွန်ဆန်သည်ဖြစ်၍ ကိုယ်တော်သည် မိမိလူမျိုးတော်အားအုပ်စိုးစေရန်စိတ် တော်နှင့်တွေ့သူကိုခန့်ထားတော်မူလိမ့် မည်'' ဟုဆို၏။
15. ရှမွေလသည်ဂိလဂါလမြို့မှထွက်ခွာ၍ ဆက်လက်ခရီးပြုလေသည်။ ကျန်ရစ်သူတို့ သည်ရှောလုနှင့်အတူသူ၏စစ်သည်တော်များ ရှိရာသို့လိုက်သွားကြ၏။ သူတို့သည်ဂိလ ဂါလမြို့မှဗင်္ယာမိန်နယ်၊ ဂိဗာမြို့သို့သွား ကြ၏။ ရှောလုသည်မိမိ၏တပ်သားအရေ အတွက်ကိုစစ်ဆေးရာခြောက်ရာခန့်တွေ့ ရှိလေသည်။-
16. သူနှင့်သားတော်ယောနသန်တို့သည်မိမိ တို့တွင်ရှိသောစစ်သည်တို့လိုက်ပါလျက် ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင်တပ်ချလျက် နေကြ၏။-
17. ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကား မိတ်မတ်မြို့တွင်ရှိလေသည်။ ဖိလိတ္တိတပ်သား တို့သည်တိုက်ကင်းသုံးစုခွဲ၍တပ်စခန်းမှ ထွက်သွားကြ၏။ တစ်စုသည်ရွှာလနယ် သြဖရမြို့ရှိရာသို့လည်းကောင်း၊-
18. နောက်တစ်စုသည်ဗေသောရုန်မြို့ရှိရာသို့ လည်းကောင်း၊ ကျန်တစ်စုကားဇေဘိုင်ချိုင့်ဝှမ်း နှင့်တောကန္တာရကိုမျက်နှာမူလျက်ရှိသော နယ်စပ်လမ်းသို့လည်းကောင်းလိုက်သွားကြ သည်။
19. ဟေဗြဲအမျိုးသားတို့ဋ္ဌားလှံလက်နက်များ ပြုလုပ်ခြင်းကိုဖိလိတ္တိအမျိုးသားတို့က ပိတ်ပင်တားမြစ်သဖြင့် ဣသရေလပြည် တွင်ယနေ့တိုင်အောင်ပန်းပဲဆရာများ မရှိချေ။-
20. ဣသရေလအမျိုးသားတို့သည်ထွန်သွား၊ ပေါက်တူး၊ ပုဆိန်၊ တံစဉ်စသည်တို့ကိုသွေး ရန်အတွက်ဖိလိတ္တိအမျိုးသားတို့ထံသို့ သွားရကြ၏။-
21. ပုဆိန်သွေးခနှင့်လှံတံတပ်ခမှာငွေ သုံးပဲသားဖြစ်၍ ထွန်သွားနှင့်ပေါက်တူး သွေးခမှာငွေသုံးမူးသားဖြစ်၏။-
22. ထို့ကြောင့်စစ်ပွဲဝင်ရသောနေ့၌ရှောလုနှင့် သားတော်ယောနသန်မှလွဲ၍ အခြားဣသ ရေလစစ်သည်တော်တို့တွင်ဋ္ဌားလှံလက် နက်များမရှိကြ။
23. ဖိလိတ္တိအမျိုးသားတို့ကစစ်သည်တပ်သား တစ်စုကိုစေလွှတ်၍ မိတ်မတ်တောင်ကြားလမ်း ကိုကာကွယ်စေကြ၏။