2. ယနေ့ငါ့ထံမှထွက်ခွာသွားသောအခါ သင်သည်ဗင်္ယာမိန်နယ်၊ ဇေလဇမြို့ရှိရာ ခေလ၏သင်္ချိုင်းအနီးတွင်လူနှစ်ယောက် ကိုတွေ့လိမ့်မည်။ သူတို့ကသင်လိုက်လံရှာ ဖွေနေသောမြည်းတို့ကိုပြန်လည်တွေ့ရှိပြီ ဖြစ်၍ သင့်အဖသည်မြည်းများအတွက် စိုးရိမ်ပူပန်မှုမရှိတော့ဘဲသင်၏အတွက် သာလျှင် စိုးရိမ်ပူပန်လျက်နေကြောင်းကို လည်းကောင်း`ငါ့သားအတွက်အဘယ်သို့ ငါပြုရပါမည်နည်း' ဟုမြည်တမ်းလျက် နေကြောင်းကိုလည်းကောင်းသင့်အားပြော ကြားကြလိမ့်မည်။-
3. သင်သည်ထိုအရပ်မှနေ၍တာဗော်လွင်ပြင် ရှိ မြတ်သည့်ဝက်သစ်ချပင်သို့ရောက်သည်တိုင် အောင်သွားရမည်။ ထိုနေရာတွင်လူသုံးယောက် ကိုတွေ့လိမ့်မည်။ သူတို့သည်ဗေသလမြို့တွင် ဘုရားသခင်အားယဇ်ပူဇော်ရန်သွားကြ သူများဖြစ်၏။ သူတို့အနက်တစ်ယောက် သည်ဆိတ်သုံးကောင်ကိုဆွဲလျက်တစ်ယောက် ကမုန့်သုံးလုံးကိုကိုင်လျက်၊ အခြားတစ် ယောက်ကစပျစ်ရည်အပြည့်ပါသောသား ရေဘူးကိုဆောင်လျက်လာလိမ့်မည်။-
4. သူတို့သည်သင့်အားနှုတ်ခွန်းဆက်ပြီးလျှင် မုန့်နှစ်လုံးကိုပေးလိမ့်မည်။ ထိုမုန့်တို့ကို သင်သည်လက်ခံရမည်။-
5. ထိုနောက်သင်သည်ဖိလိတ္တိအမျိုးသားတို့၏ တပ်စခန်းချရာ ဂိဗာမြို့ရှိဘုရားသခင် ၏တောင်တော်သို့သွားရောက်ရမည်။ ဂိဗာမြို့ အဝင်ဝ၌သင်သည်စောင်းကြီး၊ စောင်းငယ်၊ ပတ်သာ၊ ပြွေတို့ကိုတီးမှုတ်လျက်တောင်ပေါ် ရှိယဇ်ပလ္လင်မှလာကြသောပရောဖက်တစ်စု ကိုတွေ့လိမ့်မည်။ သူတို့သည်ကခုန်ဟစ်အော် ၍နေကြလိမ့်မည်။-
6. ထိုအခါထာဝရဘုရား၏ဝိညာဉ်တော်သည် သင်၏အပေါ်သို့သက်ရောက်သဖြင့် သင်သည် ထိုသူတို့နှင့်အတူပါဝင်ကခုန်အော်ဟစ် ကာခြားနားသောသူဖြစ်၍သွားလိမ့်မည်။-
7. ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင့်အားဘုရားသခင်လမ်းပြတော်မူသည့် အတိုင်းပြုလော့။-
8. သင်သည်ငါ၏အလျင်ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်ထိုမြို့တွင်သင်နှင့်တွေ့ ဆုံ၍မီးရှို့ရာယဇ်များနှင့်မိတ်သဟာယ ယဇ်များကိုပူဇော်မည်။ သင်အဘယ်သို့ပြု ရမည်ကို ငါလာ၍မဖော်ပြမချင်းထို မြို့တွင်ခုနစ်ရက်တိုင်တိုင်စောင့်နေလော့'' ဟုဆို၏။
9. ရှောလုသည်ရှမွေလထံမှထွက်ခွာလာ ချိန်၌ ထာဝရဘုရားသည်ရှောလုအား စိတ်သဘောသစ်ကိုပေးတော်မူ၏။ ရှမွေလ ဖော်ပြခဲ့သမျှသောအမှုအရာတို့သည် လည်းထိုနေ့၌ဖြစ်ပျက်လာလေသည်။-
10. ရှောလုနှင့်သူ၏အစေခံသည်ဂိဗာမြို့ သို့ရောက်ရှိကြသောအခါ ပရောဖက်တစ် စုသည်သူတို့အားဆီးကြိုကြ၏။ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ရှောလုအပေါ် သို့သက်ရောက်သဖြင့်သူသည်ပရောဖက် များနှင့်အတူပါဝင်ကခုန်ဟစ်အော် လေသည်။-
11. သူ့အားယခင်ကသိရှိခဲ့ကြသောလူ တို့သည် ရှောလုဤသို့ကခုန်ဟစ်အော်နေ သည်ကိုမြင်လျှင်``ကိရှ၏သားကားအဘယ် သို့ဖြစ်လေပြီနည်း။ ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟု အချင်းချင်းပြောဆိုမေးမြန်းကြ၏။-
12. ထိုအရပ်သားတစ်ဦးက``အခြားပရော ဖက်တို့၏ဖခင်များကားမည်သူတို့နည်း'' ဟုဆို၏။ ဤသို့လျှင်``ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟူသော ဆိုရိုးစကားစတင်ပေါ်ပေါက်လာ သတည်း။-
13. ကခုန်ဟစ်အော်ပြီးသောအခါရှောလု သည်တောင်ကုန်းပေါ်ရှိယဇ်ပလ္လင်သို့ထွက် ခွာသွား၏။
14. ရှောလု၏ဦးလေးသည်ရှောလုနှင့်အစေခံ ကိုမြင်လျှင် ``သင်တို့အဘယ်အရပ်မှပြန် လာကြသနည်း'' ဟုမေး၏။ရှောလုက``မြည်းများကိုရှာဖွေရာမှဖြစ် ပါသည်။ အကျွန်ုပ်တို့သည်မြည်းများကိုရှာ မတွေ့သဖြင့် ရှမွေလထံကိုသွားရောက်ခဲ့ ကြပါသည်'' ဟုပြန်လည်ဖြေကြား၏။
15. ``သူသည်သင်တို့အား အဘယ်သို့ပြော လိုက်ပါသနည်း'' ဟုဦးလေးကမေး ပြန်သော်၊