1. ``အို ဗာဗုလုန်မြို့တည်းဟူသောအမျိုးသမီး၊သင်သည်ရာဇပလ္လင်ပေါ်မှဆင်း၍ မြေကြီးပေါ်တွင်ထိုင်လော့။အခါတစ်ပါးကသင်သည်အနှောင့်အယှက် မခံရဘူးသည့်အပျိုစင်ဖြစ်ခဲ့၏။သို့ရာတွင်ယခုသင်သည်ပျော့ပျောင်းသိမ်မွေ့သူ မဟုတ်တော့ပေ။သင်သည်ယခုကျွန်ဘဝရောက်ခဲ့ပေပြီ။
2. သင်သည်ကျိတ်ဆုံကျောက်ကိုလှည့်၍ ဂျုံမှုန့်ကိုကျိတ်ပါလော့။သင်၏မျက်နှာဖုံးပဝါကိုဖယ်ရှား၍လှပသော အဝတ်တို့ကိုချွတ်လော့။ချောင်းကိုဖြတ်ကျော်ရန်သင်၏အင်္ကျီရှည်ကိုမလော့။
3. သင်သည်ရှုတ်ချခြင်းကိုခံရကာအရှက်ကွဲ လျက်အဝတ်အချည်းစည်းဖြစ်၍နေသည်ကို လူတို့တွေ့မြင်ကြလိမ့်မည်။ငါသည်သင့်အားလက်စားချေမည်။ငါ့ကိုအဘယ်သူမျှဆီးတားရလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူ၏။
4. ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင် သည် ငါတို့ကိုရွေးနုတ်ကယ်တင်တော်မူပြီ။ကိုယ်တော်၏နာမတော်သည်အနန္တတန်ခိုး ရှင် ထာဝရဘုရားဖြစ်ပါသည်တကား။
5. ဗာဗုလုန်မြို့အားထာဝရဘုရားကဆိတ်ငြိမ်ရာ မှောင်မိုက်ထဲတွင်ထိုင်၍နေလော့။လူတို့သည်သင့်အားလူမျိုးတကာတို့၏ ဘုရင်မဟု ခေါ်ကြတော့မည်မဟုတ်။
6. ငါသည်မိမိ၏လူမျိုးတော်အားအမျက်ထွက် သဖြင့်၊ ငါ၏လူမျိုးတော်မဟုတ်ဘိသကဲ့သို့ပြုခဲ့၏။သင်၏အာဏာစက်အောက်တွင်ထားရှိခဲ့၏။သို့ရာတွင်သင်သည်သူတို့အပေါ်၌ သနားကြင်နာစိတ်မထား။အသက်ကြီးသူများကိုပင်ကြမ်းကြုတ်စွာ ပြုကျင့်၏။
7. မိမိသည်အစဉ်အမြဲဘုရင်မဖြစ်၍နေ လိမ့်မည်ဟု ထင်မှတ်ကာ၊ဤအမှုတို့ကိုနှလုံးမသွင်း။ယင်းတို့အဘယ်သို့နိဂုံးချုပ်မည်ကိုလည်း မစဉ်းစား။
8. ``အချင်းအပျော်အပါးကိုချစ်မြတ်နိုးသူ၊မိမိတွင်လုံခြုံမှုရှိလှပြီဟုထင်မှတ်သူ၊ ဤစကားကိုနားထောင်လော့။ငါသည်ဘုရားတမျှကြီးမြတ်သည်ဟူ၍ လည်းကောင်း၊ ငါလိုလူဇမ္ဗူတွင်မရှိဟူ၍လည်းကောင်းသင်ဆို၏။သင်သည်အဘယ်အခါ၌မျှမုဆိုးမ ဖြစ်ရလိမ့်မည်မဟုတ်။အဘယ်အခါ၌မျှသားသမီးများကိုလည်း ဆုံးရှုံးရလိမ့်မည်မဟုတ်ဟုသင်ထင်မှတ်၏။