6. ကိုယ်တော်၏ဋ္ဌားတော်သည်ယဇ်ပူဇော်ရာ သိုးဆိတ်တို့၏အသွေးအဆီဖြင့်ဝလျက် နေသကဲ့သို့ ထိုသူတို့၏အသွေးအဆီများ နှင့်ဝလျက်နေလိမ့်မည်။ ထာဝရဘုရား သည်ဤယဇ်ပူဇော်ပွဲကိုဗောဇရမြို့တွင် ကျင်းပတော်မူလိမ့်မည်။ ဤလူသတ်ပွဲ ကြီးကိုဧဒုံပြည်တွင်ဖြစ်ပွားစေတော် မူလိမ့်မည်။-
7. ပြည်သူတို့သည်နွားရိုင်းများ၊ နွားသိုးပျို များကဲ့သို့လဲကျကြလိမ့်မည်။ မြေကြီး သည်လည်းသွေးများဖြင့်နီ၍လည်းကောင်း၊ အဆီများဖြင့်အီ၍လည်းကောင်းနေလိမ့် မည်။-
8. ဤအချိန်အခါကားဇိအုန်မြို့ကိုထာဝရ ဘုရားကယ်ဆယ်တော်မူ၍ ထိုမြို့၏ရန်သူ တို့အားလက်စားချေတော်မူမည့်အခါ ပင်ဖြစ်သတည်း။
9. ဧဒုံပြည်မှမြစ်တို့သည်ကတ္တရာစေး အဖြစ်သို့လည်းကောင်း၊ မြေဆီလွှာသည် ကန့်အဖြစ်သို့လည်းကောင်းပြောင်းလဲသွား လိမ့်မည်။ ထိုပြည်တစ်ခုလုံးသည်ကတ္တရာ စေးကဲ့သို့မီးစွဲလောင်၍နေလိမ့်မည်။-
10. ယင်းသည်နေ့ရောညဥ့်ပါမီးလောင်လျက်မီး ခိုးများထာဝစဉ်တက်၍နေလိမ့်မည်။ ထို ပြည်သည်လူမျိုးစဉ်ဆက်အဟောသိကံ ဖြစ်၍နေလိမ့်မည်။ ထိုပြည်ကိုနောင်အဘယ် အခါ၌မျှဖြတ်သန်းသွားလာသူရှိလိမ့် မည်မဟုတ်။-
11. ထိုပြည်သည်ဇီးကွက်များနှင့်ကျီးအတို့ ခိုအောင်းရာဖြစ်လိမ့်မည်။ ကမ္ဘာကိုဖန်ဆင်း တော်မမူမီအခါကကဲ့သို့ပင် ထာဝရ ဘုရားသည်ထိုပြည်ကိုလွတ်လပ်လဟာ ပြင်ကြီးဖြစ်စေတော်မူလိမ့်မည်။-
12. တိုင်းပြည်ကိုစိုးမိုးအုပ်ချုပ်သည့်ဘုရင်နှင့် ပြည်သူ့ခေါင်းဆောင်အပေါင်းတို့သည်လည်း ရှိကြတော့မည်မဟုတ်။-
13. နန်းတော်အဆောက်အဦများနှင့်တံတိုင်း ကာရံထားသည့်မြို့အပေါင်းတို့တွင် ဆူး ပင်အမျိုးမျိုးပေါက်လျက် ခွေးအများနှင့် ဇီးကွက်များခိုအောင်းရာဖြစ်လိမ့်မည်။-
14. ထိုအရပ်တွင်တောတိရစ္ဆာန်များလှည့်လည် သွားလာလျက် မကောင်းဆိုးရွားတို့သည်လည်း အချင်းချင်းအော်မြည်လျက်နေကြလိမ့်မည်။ ကြောက်မက်ဖွယ်ညသတ္တဝါကြီးသည်လည်း ထိုအရပ်သို့လာ၍နားရန်နေရာကိုရှာ လိမ့်မည်။-
15. ဇီးကွက်တို့သည်အသိုက်များလုပ်လျက်ဥ များကိုဥပြီးနောက် ဝပ်၍သားငယ်တို့ကို စောင့်ရှောက်ကာနေလိမ့်မည်။ လင်းတများ သည်လည်းတစ်ကောင်ပြီးတစ်ကောင်လာ ရောက်စုရုံးကြလိမ့်မည်။
16. သက်ရှိသတ္တဝါများအကြောင်းဖော်ပြပါ ရှိသည့် ထာဝရဘုရား၏စာစောင်တော်တွင် ရှာ၍ဖတ်ကြည့်ကြလော့။ ထိုသတ္တဝါတစ် ကောင်မျှပျောက်ဆုံးလိမ့်မည်မဟုတ်။ အဘယ် သတ္တဝါမျှလည်းကြင်ဖော်မဲ့ဖြစ်ရလိမ့် မည်မဟုတ်။ ဤနည်းအတိုင်းဖြစ်စေရန် ထာဝရဘုရားအမိန့်ပေးတော်မူခဲ့လေ ပြီ။ ကိုယ်တော်သည်သူတို့အားစုဝေးစေ တော်မူလိမ့်မည်။-
17. ထိုသတ္တဝါအသီးသီးတို့အားမြေကြီး ပေါ်တွင် နယ်မြေခွဲဝေသတ်မှတ်ပေးတော် မူသောအရှင်ကားထာဝရဘုရားတည်း။ သူတို့သည်အမျိုးစဉ်ဆက်ထိုနယ်မြေများ တွင်နေရကြလိမ့်မည်။ ယင်းတို့ကိုလည်း ထာဝစဉ်ပိုင်ရကြလိမ့်မည်။