11. ထိုပြည်သည်ဇီးကွက်များနှင့်ကျီးအတို့ ခိုအောင်းရာဖြစ်လိမ့်မည်။ ကမ္ဘာကိုဖန်ဆင်း တော်မမူမီအခါကကဲ့သို့ပင် ထာဝရ ဘုရားသည်ထိုပြည်ကိုလွတ်လပ်လဟာ ပြင်ကြီးဖြစ်စေတော်မူလိမ့်မည်။-
12. တိုင်းပြည်ကိုစိုးမိုးအုပ်ချုပ်သည့်ဘုရင်နှင့် ပြည်သူ့ခေါင်းဆောင်အပေါင်းတို့သည်လည်း ရှိကြတော့မည်မဟုတ်။-
13. နန်းတော်အဆောက်အဦများနှင့်တံတိုင်း ကာရံထားသည့်မြို့အပေါင်းတို့တွင် ဆူး ပင်အမျိုးမျိုးပေါက်လျက် ခွေးအများနှင့် ဇီးကွက်များခိုအောင်းရာဖြစ်လိမ့်မည်။-