3. ဘုရားသခင်သည်ထိုမြို့ကိုတိုက်ခိုက် ဝိုင်းရံထား၍ သိမ်းပိုက်တော်မူလိမ့်မည်။-
4. ယေရုရှလင်မြို့သည်မြေသင်္ချိုင်းတွင်း၌ စကားပြောရန် ရုန်းကန်အားထုတ်လျက်နေ သည့်တစ္ဆေနှင့်တူလိမ့်မည်။ ထိုမြို့၏အသံ သည်လည်းဖုတ်တောထဲမှ မပီမသထွက် ပေါ်လာသောတိုးညှင်းသောအသံဖြစ် လိမ့်မည်။
5. အို ယေရုရှလင်မြို့၊ သင့်ကိုတိုက်ခိုက်ကြ သည့်လူမျိုးခြားအပေါင်းတို့သည် မြေမှုန့် ကဲ့သို့လည်းကောင်း၊ သူတို့၏ကြောက်မက် ဖွယ်ကောင်းသည့်စစ်တပ်များသည် ဖွဲကဲ့ သို့လည်းကောင်းချက်ခြင်းလွင့်စင်သွား ကြလိမ့်မည်။-
6. ထာဝရဘုရားသည်ပြင်းထန်သောမိုးကြိုး မုန်တိုင်းများ၊ မြေငလျင်များအားဖြင့်မြည် ဟည်းကာ သင်တို့ကိုကယ်ဆယ်တော်မူလိမ့် မည်။ ကိုယ်တော်သည်လေပြင်းမုန်တိုင်းများ နှင့်မီးလျှံကိုစေလွှတ်တော်မူလိမ့်မည်။-
7. ထိုအခါထာဝရဘုရား၏ယဇ်ပလ္လင်တော် မြို့ကိုတိုက်ခိုက်ကြသည့်စစ်တပ်အပေါင်းနှင့် သူတို့၏လက်နက်တန်ဆာရှိသမျှသည်အိပ် မက်ကဲ့သို့လည်းကောင်း၊ ညဥ့်အခါစိတ်ကူး ယဉ်မှုကဲ့သို့လည်းကောင်းကွယ်ပျောက်သွား လိမ့်မည်။-
8. ယေရုရှလင်မြို့ကိုတိုက်ကြသည့်လူမျိုး အပေါင်းတို့သည် အိပ်မက်တွင်အစားအသောက် များကိုစားရ၍ အိပ်ရာမှနိုးထချိန်၌မွတ် သိပ်မြဲမွတ်သိပ်လျက်နေသူနှင့်လည်းကောင်း၊ အိပ်မက်တွင်ရေကိုသောက်ရ၍ အိပ်ရာမှနိုး ထချိန်ရေငတ်မြဲငတ်လျက်နေသူနှင့် လည်းကောင်းတူလိမ့်မည်။
9. သင်တို့သည်အသိဉာဏ်တုံးလျက်ပင်ရှိနေ ကြလော့။ မျက်စိကန်း၍နေကြလော့။ စပျစ် ရည်မသောက်ဘဲယစ်မူးကြလော့။ တစ်စက်မျှ ပင်မသောက်ဘဲယိမ်းထိုး၍နေကြလော့။-
10. ထာဝရဘုရားသည်သင်တို့အားအလွယ် တကူအိပ်မောကျ၍သွားစေတော်မူလိမ့် မည်။ ပရောဖက်များသည်လူတို့၏မျက်စိ များဖြစ်သင့်သော်လည်းဘုရားသခင်သည် သူတို့၏မျက်စိများကိုဖုံးပိတ်၍ထား တော်မူ၏။-
11. ဗျာဒိတ်ရူပါရုံမှန်သမျှ၏အနက်အဋ္ဌိပ္ပါယ် များသည် တံဆိပ်ခတ်နှိပ်ထားသည့်စာလိပ်ကဲ့ သို့ သင်တို့အတွက်ဖုံးကွယ်၍နေလိမ့်မည်။ စာ ဖတ်တတ်သူတစ်ဦးအားသင်အဖတ်ခိုင်းပါ မူ ထိုသူက``ဤစာလိပ်ကိုတံဆိပ်ခတ်နှိပ်ထား သဖြင့် အကျွန်ုပ်ဖတ်၍မရပါ'' ဟုဆို လိမ့်မည်။-
12. စာမဖတ်တတ်သူကိုအဖတ်ခိုင်းလျှင်လည်း ထိုသူက``အကျွန်ုပ်အဘယ်သို့ဖတ်ရမည် မသိပါ'' ဟုဆိုလိမ့်မည်။
13. ထာဝရဘုရားက``ဤသူတို့သည်ငါ့အား နှုတ်ဖြင့် ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော် လည်းသူတို့၏စကားများသည်အဋ္ဌိပ္ပါယ် မရှိ။ သူတို့၏စိတ်သည်လည်းအရပ်တစ်ပါး သို့ရောက်၍နေ၏။ သူတို့၏ဘာသာတရား သည် မိမိတို့အလွတ်ကျက်မှတ်ထားသည့်လူ့ ထုံးတမ်းစဉ်လာနှင့်နည်းဥပဒေများသာ လျှင်ဖြစ်ပေသည်။-
14. သို့ဖြစ်၍ငါသည်သူတို့မမျှော်လင့်သည့်ဘေး ဒုက္ခတစ်ခုပြီးတစ်ခုသက်ရောက်စေ၍ သူတို့ အားတုန်လှုပ်ချောက်ချားစေမည်။ ပညာရှိတို့ သည်လူမိုက်များဖြစ်ကုန်ကြလျက်၊ သူတို့ ၏အသိအလိမ္မာမှန်သမျှသည်လည်း သူတို့ အားအဘယ်သို့မျှအကျိုးပြုလိမ့်မည် မဟုတ်'' ဟုယခုမိန့်တော်မူပါ၏။
15. မိမိတို့၏အကြံအစည်များကိုထာဝရ ဘုရားထံတော်မှ ဖုံးကွယ်ထားရန်ကြိုးစား သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည် မိမိတို့၏စီမံကိန်းများကိုလျှို့ဝှက်၍ အကောင်အထည်ဖော်ကာမိမိတို့အား အဘယ်သူမျှမြင်လိမ့်မည်မဟုတ်။ မိမိ တို့ပြုသောအမှုတို့ကိုလည်းအဘယ်သူ မျှသိလိမ့်မည်မဟုတ်ဟုထင်မှတ်တတ် ကြ၏။-
16. သူတို့သည်အရာခပ်သိမ်းကိုကပြောင်းက ပြန်ဖြစ်စေတတ်ကြ၏။ အိုးထိန်းသည်နှင့် အိုးမြေတို့တွင် အဘယ်သူကပို၍အရေး ကြီးပါသနည်း။ လူ့လက်ဖြင့်ပြီးသောအရာ တစ်ခုကလူကိုပြန်၍``ငါသည်သင်ပြုလုပ် ထားသည့်အရာမဟုတ်'' ဟူ၍သော်လည်း ကောင်း``သင်သည်မိမိပြုလုပ်လျက်နေသည့် အမှုကိုမသိ'' ဟူ၍သော်လည်းကောင်း ဆိုနိုင်ပါမည်လော။