30. ငါသည်တောင်ကုန်းများပေါ်တွင်ရှိသောသင် တို့ဝတ်ပြုကိုးကွယ်ရာဌာနများကိုဖျက်ဆီး ၍ နံ့သာပေါင်းပူဇော်ရာပလ္လင်ကိုဖြိုဖျက်မည်။ သင်တို့၏အလောင်းများကိုပြိုကျသောရုပ်တု များအပေါ်တွင်ပစ်ချမည်။ ငါသည်သင်တို့ ကိုစက်ဆုပ်ရွံရှာသဖြင့်၊-
31. သင်တို့၏မြို့များကိုဖြိုဖျက်၍ သင်တို့ဝတ်ပြု ကိုးကွယ်ရာဌာနများကိုပျက်စီးစေမည်။ သင် တို့၏ယဇ်ပူဇော်ခြင်းကိုငါလက်မခံ။-
32. ငါသည်သင်တို့၏ပြည်ကိုလုံးဝဖျက်ဆီးပစ် သဖြင့် သင်တို့၏ပြည်ကိုသိမ်းပိုက်သောရန်သူ တို့ပင်လျှင်ထိတ်လန့်ကြလိမ့်မည်။-
33. ငါသည်သင်တို့ကိုစစ်ဘေးစစ်ဒဏ်သင့်စေပြီး လျှင် သင်တို့အားအခြားနိုင်ငံများသို့ပြန့်နှံ့ နေထိုင်စေမည်။ သင်တို့၏ပြည်သည်လူသူ ကင်းမဲ့၍ သင်တို့၏မြို့များသည်လည်းပျက်စီး ယိုယွင်းလိမ့်မည်။-
34-35. ထိုအခါသင်တို့ယခင်ကအနားမပေးခဲ့ သောမြေသည် ယခုအနားရလိမ့်မည်။ သင်တို့ သည်ရန်သူ၏နိုင်ငံတွင်နေထိုင်ရစဉ် သင်တို့ ၏ပြည်သည်လူသူကင်းမဲ့မည်ဖြစ်၍အနား ရလိမ့်မည်။