1-2. ထာဝရဘုရားကကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအားဘာသာရေးထုံးနည်း အရ သန့်စင်စေခြင်းဆိုင်ရာအောက်ဖော်ပြ ပါပညတ်များကိုမောရှေအားချမှတ်ပေး တော်မူ၏။ ထိုသူအားသန့်စင်သူအဖြစ် ကြေညာမည့်နေ့၌ယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်ခဲ့ရမည်။-
3. ယဇ်ပုရောဟိတ်သည်သူ့ကိုစခန်းအပြင် သို့ထုတ်၍စစ်ဆေးရမည်။ သူ၏ရောဂါ ပျောက်ကင်းလျှင်၊-
4. ဘာသာရေးထုံးနည်းအရသန့်စင်သောငှက် နှစ်ကောင်နှင့်တကွသစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကိုယူဆောင်စေ ခဲ့ရမည်။-
5. ထို့နောက်စမ်းရေထည့်ထားသောမြေအိုးကို အောက်မှခံ၍ ငှက်တစ်ကောင်ကိုသတ်စေရ မည်။-
6. ယဇ်ပုရောဟိတ်သည်သစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်နှင့်တကွငှက်အရှင်ကို သတ်ပြီးသောငှက်၏သွေးထဲ၌နှစ်ရမည်။-