1. များမကြာမီနောမိကရုသအား``သင် သည်ကိုယ့်အိမ်နှင့်ကိုယ်နေထိုင်နိုင်ရန် သင့် အားငါနေရာချပေးရမည်။-
2. သင်နှင့်အတူတူအလုပ်လုပ်သည့်အမျိုး သမီးများ၏သခင်ဖြစ်သူ ဗောဇသည် ငါ တို့နှင့်ဆွေမျိုးတော်စပ်သည်မဟုတ်လော။ ယခုငါပြောသည့်စကားကိုနားထောင်ပါ လော့။ သူသည်ယနေ့ညနေတွင် မုယော စပါးများကိုနယ်လျက်နေလိမ့်မည်။-
3. သို့ဖြစ်၍သင်သည်ကိုယ်လက်သုတ်သင်ပြီး လျှင် နံ့သာအမွှေးအကြိုင်များလူး၍အလှ ဆုံးအဝတ်အစားများကိုဝတ်ဆင်ကာသူ စပါးနယ်ရာသို့သွားပါလော့။ သို့ရာတွင် ထိုအရပ်သို့သင်ရောက်ရှိနေကြောင်းကို သူ စားသောက်ပြီးသည်တိုင်အောင်သူ့အား အသိမပေးနှင့်။-
4. သူအိပ်စက်ရန်လဲလျောင်းသည့်နေရာကိုမှတ် သားထားလော့။ သူအိပ်ပျော်သွားသောအခါ ကျမှသွား၍စောင်ကိုမပြီးလျှင် သူ၏ခြေ ရင်းတွင်ဝင်၍လဲလျောင်းနေပါလေ။ သင့်အား အဘယ်သို့ပြုစေလိုသည်ကိုသူပြောပြ ပါလိမ့်မည်'' ဟုဆို၏။
5. ရုသကလည်း``မိခင်မှာထားသမျှအတိုင်း ကျွန်မပြုပါမည်'' ဟုပြန်ပြော၏။
6. ထိုနောက်ရုသသည်ကောက်နယ်တလင်းသို့ သွား၍ မိမိ၏ယောက္ခမမှာကြားလိုက်သည် အတိုင်းပြု၏။-
7. ဗောဇသည်စားသောက်၍ပြီးသောအခါစိတ် ရွှင်ပြလျက် စပါးပုံရှိရာသို့သွား၍အိပ် လေသည်။ ရုသသည်သူ၏ထံသို့တိတ်တ ဆိတ်ချဉ်းကပ်၍ စောင်ကိုမပြီးလျှင်သူ၏ ခြေရင်းတွင်လဲလျောင်းလိုက်၏။-
8. သန်းခေါင်အချိန်၌ဗောဇသည်အိပ်ရာမှရုတ် တရက်နိုးလာသဖြင့် ကိုယ်ကိုလှည့်လိုက်ရာ မိမိခြေရင်းတွင် အိပ်လျက်နေသည့်အမျိုး သမီးကိုတွေ့ရှိရသဖြင့်၊-
9. ``သင်သည်အဘယ်သူနည်း'' ဟုမေး၏။ရုသကလည်း``အရှင်၊ ကျွန်မသည်ရုသဖြစ် ပါသည်။ အရှင်သည်ကျွန်မနှင့်ဆွေမျိုးတော် စပ်သူဖြစ်၍ ကျွန်မအားကြည့်ရှုစောင့်ရှောက် ရန်တာဝန်ရှိသူဖြစ်ပါ၏။ ထို့ကြောင့်ကျွန်မ အားထိမ်းမြားလက်ထပ်တော်မူပါ'' ဟုပြန် ပြောလေ၏။
10. ဗောဇကလည်း``သင့်ကိုထာဝရဘုရား ကောင်းချီးပေးတော်မူပါစေ။ ယခုသင်ပြု သောအမှုသည် ယခင်ကသင့်ယောက္ခမအား ပြုခဲ့သည့်အမှုထက်ပင်ပို၍ သင်၏သစ္စာရှိ မှုကိုပေါ်လွင်စေပါ၏။ သင်သည်ဆင်းရဲသူ သို့မဟုတ်ချမ်းသာသူ လူပျိုလူရွယ်တစ်စုံ တစ်ယောက်ကိုရှာနိုင်သော်လည်းမရှာခဲ့ပါ။-
11. ရုသ၊ ယခုသင်မစိုးရိမ်ပါနှင့်။ သင်ပြော သမျှအတိုင်းငါပြုမည်။ သင်သည်အကျင့် သီလရှိသည့်အမျိုးသမီးတစ်ဦးဖြစ် သည်ကိုတစ်မြို့လုံးသိကြပါသည်။-
12. ငါသည်သင်၏ဆွေမျိုးအရင်းအချာဖြစ်၍ သင်၏အတွက်တာဝန်ရှိသည်ကားမှန်၏။ သို့ ရာတွင်ငါ့ထက်ပင်ပို၍ရင်းချာသည့်ဆွေ မျိုးတစ်ဦးရှိပါသေးသည်။-