9. သူတို့အဘယ်နေရာတွင်ကောက်ရိတ်ကြသည် ကိုစောင့်၍ ကြည့်ကာသူတို့နှင့်အတူလိုက်သွား ပါလော့။ သင့်အားအနှောင့်အယှက်မပေးရန် ငါ၏အလုပ်သမားများကိုမှာထားပြီ။ သင် ရေငတ်သည့်အခါအိုးထားရာသို့သွား၍ သူ တို့ခပ်ထားသည်ရေကိုသောက်ပါလော့'' ဟု ဆို၏။
10. ရုသသည်မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ် လျက် ဗောဇအား``အရှင်သည်အဘယ်ကြောင့် ကျွန်မကဲ့သို့နိုင်ငံခြားသူတစ်ဦးကို ဤမျှ ဂရုတစိုက်ပြု၍သနားကြင်နာပါသနည်း'' ဟုဆိုလျှင်၊
11. ဗောဇက``သင်သည်ခင်ပွန်းကွယ်လွန်ချိန်မှစ ၍ မိမိ၏ယောက္ခမအားအဘယ်သို့ပြုစုခဲ့ သည်ကိုငါကြားသိပြီးပါပြီ။ သင်သည် အဘယ်သို့မိမိ၏မိဘများနှင့်တိုင်းပြည် ကိုစွန့်ခွာလျက် ယခင်အဘယ်အခါကမျှ မတွေ့မမြင်ဘူးသည့်အမျိုးသားတို့နှင့် အတူနေထိုင်ရန်လာရောက်ခဲ့ကြောင်းကို လည်းငါသိပါ၏။-
12. ထာဝရဘုရားသည်ယင်းသို့သင်ပြုသည့် အတွက် သင့်အားဆုကျေးဇူးတော်ကိုချ ပေးတော်မူပါစေသော။ သင်ခိုလှုံချဉ်းကပ် သည့်ဣသရေလအမျိုးသားတို့၏ဘုရား သခင်ထာဝရဘုရားသည် သင့်အားဆု ကျေးဇူးတော်ကိုအပြည့်အဝချပေး တော်မူပါစေသော'' ဟုဆိုလေ၏။
13. ရုသကလည်း``အရှင်၊ အရှင်သည်ကျွန်မ အပေါ်တွင်များစွာကရုဏာထားပါပြီ။ ကျွန်မသည်အရှင့်အစေခံများ၏အဆင့် အတန်းကိုမီသူပင်မဟုတ်သော်လည်း အရှင် သည်ချိုသာစွာပြောဆိုခြင်းအားဖြင့်ကျွန်မ ကိုအားတက်စေပါ၏'' ဟုပြန်ပြော၏။
14. ထမင်းစားချိန်ရောက်သောအခါ၌ ဗောဇ သည်ရုသအား``လာ၍မုန့်သုံးဆောင်လော့။ မုန့်ကိုအချဉ်ရည်တွင်နှစ်၍စားလော့'' ဟု ဆို၏။ သို့ဖြစ်၍ရုသသည် အလုပ်သမား များနှင့်အတူထိုင်လေသည်။ ထိုအခါဗောဇ သည်သူ့အားပေါက်ပေါက်အနည်းငယ်ကို လှမ်း၍ပေး၏။ ရုသသည်ဝအောင်စားပြီး နောက်မုန့်ကျန်သေး၏။-
15. ထိုနောက်သူသည်ကောက်သင်းကောက်ရန်ထ ၍သွားသောအခါ ဗောဇသည်အလုပ်သမား များအား``သူ့အားကောက်လှိုင်းစီးများချ ထားရာအရပ်၌ပင် ကောက်သင်းကောက်ခွင့် ပြုကြလော့။ သူ့အားမဟန့်တားကြနှင့်။-
16. ကောက်လှိုင်းစည်းများမှစပါးနှံအနည်း ငယ်ကိုဆွဲထုတ်၍ သူ၏အတွက်ချထား ပေးကြလော့'' ဟုမှာကြားလေ၏။
17. သို့ဖြစ်၍ရုသသည် လယ်ကွင်းထဲတွင်ညနေ စောင်းသည်တိုင်အောင် ကောက်သင်းကောက်ပြီး နောက်ကောက်နှံများကို နယ်လိုက်သောအခါ မုယောစပါးတင်းဝက်ခန့်ရရှိလေသည်။-
18. သူသည်ထိုစပါးကိုယူ၍မြို့သို့ပြန်ပြီး လျှင် မိမိ၏ယောက္ခမအားပြ၏။ မိမိချန် ထားသည့်အစားအစာကိုလည်းပေး၏။-
19. နောမိက``သင်သည်ယနေ့အဘယ်မှာကောက် သင်းကောက်ခဲ့ပါသနည်း။ မည်သူ့လယ်တွင် ကောက်ခဲ့ပါသနည်း။ ဘုရားသခင်သည် သင့် ကိုကြည့်ရှုသူအားကောင်းချီးပေးတော် မူပါစေသော'' ဟုဆို၏။သို့ဖြစ်၍ရုသသည်ဗောဇအမည်ရှိသူလူ တစ်ဦး၏လယ်တွင် မိမိကောက်သင်းကောက်ခဲ့ ကြောင်းကိုနောမိအားပြောပြလေသည်။