6. ကာလအတန်ကြာသောအခါ ထာဝရဘုရား သည်ကောက်ပဲသီးနှံအထွက်များစေခြင်းအား ဖြင့် မိမိ၏လူစုအားကောင်းချီးပေးတော်မူ ကြောင်းသတင်းကိုနောမိကြားရလေသည်။ သို့ ဖြစ်၍သူသည်မိမိ၏ချွေးမများနှင့်အတူ မောဘပြည်မှထွက်ခွာရန်အသင့်ပြင်လေ၏။-
7. ယုဒပြည်သို့စတင်ထွက်ခွာလာကြစဉ်၊-
8. နောမိကချွေးမများအား``သင်တို့သည် ကိုယ့်မိခင်များအိမ်သို့ပြန်ကြလော့။ သင်တို့သည်ငါ၏အပေါ်၌သော်လည်းကောင်း၊ ကွယ်လွန်သွားသူတို့၏အပေါ်၌လည်းကောင်း ကျေးဇူးပြုခဲ့ကြသည်နည်းတူ ထာဝရဘုရားသည် သင်တို့အားကျေးဇူးပြုတော်မူပါစေသော။-
9. ထာဝရဘုရားသည်သင်တို့နှစ်ယောက် စလုံးအား နောက်အိမ်ထောင်နှင့်ပျော်ရွှင်စွာ နေထိုင်ခွင့်ကိုပေးသနားတော်မူပါစေ သော'' ဟုဆို၏။ဤသို့ဆိုပြီးလျှင်နောမိသည် သူတို့အား နမ်းရှုတ်နှုတ်ဆက်လေ၏။ သို့ရာတွင်သူတို့ သည်ငိုကြွေးလျက်၊-
10. ``ကျွန်မတို့သည်အိမ်သို့မပြန်လိုပါ။ မိခင် နှင့်အတူ မိခင်၏အမျိုးသားများထံသို့ လိုက်ပါမည်'' ဟုဆိုကြ၏။
11. နောမိကလည်း``ငါ့သမီးတို့၊ ပြန်သွားကြ လော့။ အဘယ်ကြောင့်ငါနှင့်လိုက်လိုကြပါ သနည်း။ သင်တို့နှင့်လက်ထပ်ထိမ်းမြားရန် အတွက် ငါသည်နောက်ထပ်သားများကို မွေးဖွားပေးနိုင်ပါသလော။-
12. အိမ်သို့ပြန်ကြလော့။ ငါသည်နောက်ထပ်အိမ် ထောင်ပြုရန်အရွယ်လွန်လေပြီ။ အကယ်၍ ငါ့မှာမျှော်လင့်စရာရှိသေးသဖြင့် ယခု ပင်အိမ်ထောင်ကျ၍သားများကိုရရှိသည် ဟုဆိုစေကာမူ၊-