49. ဗာဗုလုန်မြို့ကြောင့်ဣသရေလအမျိုးသား အမြောက်အမြားသည်လည်းကောင်း၊ ကမ္ဘာ အရပ်ရပ်ရှိလူတို့သည်လည်းကောင်းသေ ကြေပျက်စီးရကြသဖြင့် ယခုအခါ ဗာဗုလုန်မြို့သည်ကျဆုံးရလိမ့်မည်ဟူ ၍တည်း။
50. ထာဝရဘုရားသည်ဗာဗုလုန်မြို့ရှိ မိမိ ၏လူစုတော်အားမိန့်တော်မူသည်မှာ``သင် တို့သည်သေဘေးမှလွတ်မြောက်ကြလေပြီ။ ယခုထွက်ခွာသွားကြလော့။ ဆိုင်း၍မနေ နှင့်။ သင်တို့သည်မိမိတို့ပြည်နှင့်ဝေးကွာ လျက်နေသော်လည်း သင်တို့၏ထာဝရဘုရား တည်းဟူသောငါ့ကိုသတိရကြလော့။ ယေရု ရှလင်မြို့ကိုလည်းသတိရကြလော့။-
51. သင်တို့က`ငါတို့သည်အသရေပျက်၍ အရှက်ကွဲရကြလေပြီ။ ဗိမာန်တော်မှ သန့်ရှင်းရာဌာနတော်တို့ကိုလူမျိုးခြား များသိမ်းပိုက်လိုက်ကြပြီဖြစ်၍ ငါတို့ သည်ခိုကိုးရာမဲ့ကြရပါ၏' ဟုဆို ကြ၏။-
52. ထို့ကြောင့်ဗာဗုလုန်ပြည်ရှိရုပ်တုများ ကိုငါအပြစ်ဒဏ်စီရင်၍ တစ်တိုင်းတစ် ပြည်လုံးတွင်ဒဏ်ရာရရှိသူတို့ငြီးတွား ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။-
53. အကယ်၍ဗာဗုလုန်မြို့သည်မိုးကောင်းကင် သို့တက်၍ ခံတပ်အခိုင်အမာဆောက်လုပ် နိုင်သည်ဟုပင်ဆိုစေကာမူ ငါသည်ထိုမြို့ ကိုတိုက်ဖျက်ရန်လူများကိုစေလွှတ်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟူ၍တည်း။
54. ထာဝရဘုရားက၊``ဗာဗုလုန်မြို့၌ငိုကြွေးနေကြသော အသံကိုလည်းကောင်း၊တိုင်းပြည်ပျက်သဖြင့်ဝမ်းနည်းပူဆွေးကြသော အသံကိုလည်းကောင်းနားထောင်ကြလော့။
55. ငါသည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးမည်။ထိုမြို့၏အသံဗလံများကိုလည်း ဆိတ်သုဉ်းစေမည်။စစ်သည်ဗိုလ်ခြေတို့သည်အသံမြည်ဟီးသော လှိုင်းလုံးများကဲ့သို့အပြင်းချီတက်လာ၍၊ဆူညံစွာကြွေးကြော်တိုက်ခိုက်ကြ၏။
56. သူတို့သည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးရန် ရောက်ရှိလာကြလေပြီ။ဗာဗုလုန်စစ်သည်တော်တို့သည် အဖမ်းခံရကြ၏။သူတို့၏လေးများသည်လည်းကျိုး၍သွား ကြ၏။ငါသည်ဒုစရိုက်ပြုသူတို့ဆုံးမတတ်သော ဘုရားဖြစ်၏။ဗာဗုလုန်မြို့အားထိုက်လျောက်သည့်အတိုင်း အပြစ်ဒဏ်စီရင်မည်။
57. ထိုမြို့၏စီမံအုပ်ချုပ်သူများ၊ပညာရှိများ၊ခေါင်းဆောင်များနှင့်စစ်သည်တပ်သားများ အား ငါမူးယစ်စေမည်။သူတို့သည်အိပ်ပျော်သွားပြီးလျှင်နောင်အဘယ်အခါ၌မျှနိုးထကြလိမ့်မည် မဟုတ်။ဤကားငါဘုရင်မြွက်ဟသည့်စကားဖြစ်၏။ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ဖြစ်သတည်း။
58. တန်ခိုးကြီးသည့်ဗာဗုလုန်မြို့၏မြို့ရိုးများသည် ပြိုကျရလိမ့်မည်။မြင့်မားသောမြို့တံခါးတို့သည်လည်း မီးလောင်ကျွမ်း၍သွားလိမ့်မည်။လူမျိုးတကာတို့လုပ်ဆောင်ထားသောအရာ များသည် အချည်းနှီးဖြစ်လျက်သူတို့ကြိုးပမ်းအားထုတ်ခဲ့မှုများသည်လည်း မီးတောက်တွင်ပျောက်လွင့်သွားကြ၏။ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
59. မာသေယ၏မြေး၊ နေရိ၏သားစရာယသည် ဇေဒကိမင်း၏အပါးတော်မြဲဖြစ်၏။ ယုဒ ဘုရင်ဇေဒကိနန်းစံစတုတ္ထနှစ်၌စရာယ သည်ဗာဗုလုန်မြို့သို့ရှင်ဘုရင်နှင့်အတူ သွားမည်ဖြစ်သဖြင့် ငါသည်သူ့အားအနည်း ငယ်ညွှန်ကြားလိုက်လေသည်။-
60. ငါသည်ဗာဗုလုန်မြို့ကြုံတွေ့ရမည့်ပျက်စီး မှုမှန်သမျှကိုလည်းကောင်း၊ ဗာဗုလုန်မြို့ နှင့်သက်ဆိုင်သောအခြားအမှုကိစ္စများ ကိုလည်းကောင်းစာစောင်တစ်ခုတွင်ရေး သား၍ပေး၏။-
61. ငါသည်စရာယအား``ဗာဗုလုန်မြို့သို့ သင်ရောက်ရှိသောအခါဤစာစောင်တွင် ရေးသားဖော်ပြထားသမျှသောအကြောင်း အရာတို့ကိုလူတို့အားအော်၍ဖတ်ပြရန် မမေ့နှင့်။-
62. ထိုနောက်`အိုထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ဤအရပ်ကိုလူနှင့်တိရစ္ဆာန်များပါ မကျန်၊ သက်ရှိသတ္တဝါတို့ဆိတ်သုဉ်းရာ သဲကန္တာရနှင့်ထာဝစဉ်တူစေမည်ဖြစ် ကြောင်းမိန့်တော်မူခဲ့ပါ၏' ဟုဆုတောင်း ပတ္ထနာပြုလော့။-
63. စရာယ၊ သင်သည်ဤစာစောင်ကိုပြည်သူ တို့အားဖတ်ပြပြီးသောအခါ ကျောက်ခဲ တစ်လုံးတွင်ကြိုးနှင့်ချည်၍ဥဖရတ်မြစ် ထဲသို့ပစ်ချလော့။-
64. ထိုနောက်`ဗာဗုလုန်မြို့သည်ဤအတိုင်းဖြစ် ပျက်ရလိမ့်မည်။ ထာဝရဘုရားပျက်စီး စေတော်မူမည်ဖြစ်၍ ထိုမြို့သည်နစ်မြုပ် ပြီးလျှင်နောက်တစ်ဖန်ပြန်၍ပေါ်လာလိမ့် မည်မဟုတ်' ဟုပြောကြားလော့'' ဟုဆို၏။ဤကားယေရမိမှာကြားသည့်စကားများ ပြီးဆုံးသတည်း။