43. မြို့တို့သည်လန့်ဖျပ်တုန်လှုပ်စရာမြင်ကွင်း ဖြစ်လာကြလျက်လူသူဆိတ်ငြိမ်ရာ၊ ရေ မရှိသည့်သဲကန္တာရနှင့်တူကြ၏။ ထိုမြို့ များသို့အဘယ်သူမျှလည်းခရီးမပြု ကြ။-
44. ငါသည်ဗာဗုလုန်မြို့၏ဗေလဘုရားကို အပြစ်ဒဏ်ခတ်၍ ခိုးရာပါပစ္စည်းများကို လည်းပြန်အပ်စေမည်။ လူမျိုးတကာတို့ သည်သူ့အားနောက်တစ်ဖန်ဝတ်ပြုကိုး ကွယ်ကြတော့မည်မဟုတ်။``ဗာဗုလုန်မြို့ရိုးများသည်ပြိုကျလေပြီ။-
45. ဣသရေလပြည်သားတို့၊ ထိုမြို့မှထွက်ပြေး ကြလော့။ လူအပေါင်းတို့အသက်ချမ်းသာ ရာရစေရန် ငါ၏ပြင်းထန်သောအမျက် တော်မှရှောင်ပြေးကြလော့။-
46. သင်တို့ကြားကြရသည့်ကောလဟလ သတင်းများကြောင့်မကြောက်ကြနှင့်။ အား လည်းမငယ်ကြနှင့်။ နှစ်စဉ်နှစ်တိုင်းသတင်း အမျိုးမျိုးပေါ်ထွက်လာတတ်၏။ နိုင်ငံအတွင်း အကြမ်းဖက်သည့်သတင်းများ၊ ဘုရင်တစ် ပါးနှင့်တစ်ပါးစစ်ဖြစ်ပွားသည့်သတင်း များပျံ့နှံ့လာတတ်၏။-
47. သို့ဖြစ်၍ဗာဗုလုန်ပြည်ရှိရုပ်တုများကို ငါစီရင်မည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ ထိုပြည်တစ်ခုလုံးသည်အရှက်ကွဲ လိမ့်မည်။ ပြည်သူအပေါင်းတို့သည်လည်း အသတ်ခံရကြလိမ့်မည်။-
48. မြောက်အရပ်မှလာရောက်တိုက်ခိုက်သူတို့ ၏လက်တွင်းသို့ ဗာဗုလုန်မြို့ကျဆင်းသွား သောအခါမြေကြီးပေါ်၌လည်းကောင်း၊ မိုး ကောင်းကင်၌လည်းကောင်းရှိသမျှသော အရာတို့သည်ဝမ်းမြောက်သဖြင့်ကြွေး ကြော်ကြလိမ့်မည်။-
49. ဗာဗုလုန်မြို့ကြောင့်ဣသရေလအမျိုးသား အမြောက်အမြားသည်လည်းကောင်း၊ ကမ္ဘာ အရပ်ရပ်ရှိလူတို့သည်လည်းကောင်းသေ ကြေပျက်စီးရကြသဖြင့် ယခုအခါ ဗာဗုလုန်မြို့သည်ကျဆုံးရလိမ့်မည်ဟူ ၍တည်း။
50. ထာဝရဘုရားသည်ဗာဗုလုန်မြို့ရှိ မိမိ ၏လူစုတော်အားမိန့်တော်မူသည်မှာ``သင် တို့သည်သေဘေးမှလွတ်မြောက်ကြလေပြီ။ ယခုထွက်ခွာသွားကြလော့။ ဆိုင်း၍မနေ နှင့်။ သင်တို့သည်မိမိတို့ပြည်နှင့်ဝေးကွာ လျက်နေသော်လည်း သင်တို့၏ထာဝရဘုရား တည်းဟူသောငါ့ကိုသတိရကြလော့။ ယေရု ရှလင်မြို့ကိုလည်းသတိရကြလော့။-
51. သင်တို့က`ငါတို့သည်အသရေပျက်၍ အရှက်ကွဲရကြလေပြီ။ ဗိမာန်တော်မှ သန့်ရှင်းရာဌာနတော်တို့ကိုလူမျိုးခြား များသိမ်းပိုက်လိုက်ကြပြီဖြစ်၍ ငါတို့ သည်ခိုကိုးရာမဲ့ကြရပါ၏' ဟုဆို ကြ၏။-
52. ထို့ကြောင့်ဗာဗုလုန်ပြည်ရှိရုပ်တုများ ကိုငါအပြစ်ဒဏ်စီရင်၍ တစ်တိုင်းတစ် ပြည်လုံးတွင်ဒဏ်ရာရရှိသူတို့ငြီးတွား ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။-
53. အကယ်၍ဗာဗုလုန်မြို့သည်မိုးကောင်းကင် သို့တက်၍ ခံတပ်အခိုင်အမာဆောက်လုပ် နိုင်သည်ဟုပင်ဆိုစေကာမူ ငါသည်ထိုမြို့ ကိုတိုက်ဖျက်ရန်လူများကိုစေလွှတ်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟူ၍တည်း။
54. ထာဝရဘုရားက၊``ဗာဗုလုန်မြို့၌ငိုကြွေးနေကြသော အသံကိုလည်းကောင်း၊တိုင်းပြည်ပျက်သဖြင့်ဝမ်းနည်းပူဆွေးကြသော အသံကိုလည်းကောင်းနားထောင်ကြလော့။
55. ငါသည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးမည်။ထိုမြို့၏အသံဗလံများကိုလည်း ဆိတ်သုဉ်းစေမည်။စစ်သည်ဗိုလ်ခြေတို့သည်အသံမြည်ဟီးသော လှိုင်းလုံးများကဲ့သို့အပြင်းချီတက်လာ၍၊ဆူညံစွာကြွေးကြော်တိုက်ခိုက်ကြ၏။
56. သူတို့သည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးရန် ရောက်ရှိလာကြလေပြီ။ဗာဗုလုန်စစ်သည်တော်တို့သည် အဖမ်းခံရကြ၏။သူတို့၏လေးများသည်လည်းကျိုး၍သွား ကြ၏။ငါသည်ဒုစရိုက်ပြုသူတို့ဆုံးမတတ်သော ဘုရားဖြစ်၏။ဗာဗုလုန်မြို့အားထိုက်လျောက်သည့်အတိုင်း အပြစ်ဒဏ်စီရင်မည်။
57. ထိုမြို့၏စီမံအုပ်ချုပ်သူများ၊ပညာရှိများ၊ခေါင်းဆောင်များနှင့်စစ်သည်တပ်သားများ အား ငါမူးယစ်စေမည်။သူတို့သည်အိပ်ပျော်သွားပြီးလျှင်နောင်အဘယ်အခါ၌မျှနိုးထကြလိမ့်မည် မဟုတ်။ဤကားငါဘုရင်မြွက်ဟသည့်စကားဖြစ်၏။ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ဖြစ်သတည်း။
58. တန်ခိုးကြီးသည့်ဗာဗုလုန်မြို့၏မြို့ရိုးများသည် ပြိုကျရလိမ့်မည်။မြင့်မားသောမြို့တံခါးတို့သည်လည်း မီးလောင်ကျွမ်း၍သွားလိမ့်မည်။လူမျိုးတကာတို့လုပ်ဆောင်ထားသောအရာ များသည် အချည်းနှီးဖြစ်လျက်သူတို့ကြိုးပမ်းအားထုတ်ခဲ့မှုများသည်လည်း မီးတောက်တွင်ပျောက်လွင့်သွားကြ၏။ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
59. မာသေယ၏မြေး၊ နေရိ၏သားစရာယသည် ဇေဒကိမင်း၏အပါးတော်မြဲဖြစ်၏။ ယုဒ ဘုရင်ဇေဒကိနန်းစံစတုတ္ထနှစ်၌စရာယ သည်ဗာဗုလုန်မြို့သို့ရှင်ဘုရင်နှင့်အတူ သွားမည်ဖြစ်သဖြင့် ငါသည်သူ့အားအနည်း ငယ်ညွှန်ကြားလိုက်လေသည်။-
60. ငါသည်ဗာဗုလုန်မြို့ကြုံတွေ့ရမည့်ပျက်စီး မှုမှန်သမျှကိုလည်းကောင်း၊ ဗာဗုလုန်မြို့ နှင့်သက်ဆိုင်သောအခြားအမှုကိစ္စများ ကိုလည်းကောင်းစာစောင်တစ်ခုတွင်ရေး သား၍ပေး၏။-
61. ငါသည်စရာယအား``ဗာဗုလုန်မြို့သို့ သင်ရောက်ရှိသောအခါဤစာစောင်တွင် ရေးသားဖော်ပြထားသမျှသောအကြောင်း အရာတို့ကိုလူတို့အားအော်၍ဖတ်ပြရန် မမေ့နှင့်။-
62. ထိုနောက်`အိုထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ဤအရပ်ကိုလူနှင့်တိရစ္ဆာန်များပါ မကျန်၊ သက်ရှိသတ္တဝါတို့ဆိတ်သုဉ်းရာ သဲကန္တာရနှင့်ထာဝစဉ်တူစေမည်ဖြစ် ကြောင်းမိန့်တော်မူခဲ့ပါ၏' ဟုဆုတောင်း ပတ္ထနာပြုလော့။-