18. အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဘုရင်ဖြစ်တော်မူ၏။ငါသည်အသက်ရှင်တော်မူသော ဘုရားသခင်ပေတည်း။တာဗော်တောင်ထိပ်သည်တောင်တကာတို့ ထက် မြင့်သကဲ့သို့လည်းကောင်း၊ကရမေလတောင်ထိပ်သည်လည်း၊ပင်လယ် အနီးတွင် မြင့်မားစွာတည်ရှိသကဲ့သို့လည်းကောင်း၊သင်တို့တိုက်ခိုက်မည့်သူသည်ခွန်အား ကြီးမား ပေလိမ့်မည်။
19. အချင်းအီဂျစ်ပြည်သားတို့၊သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းကိုခံရန် အသင့် ပြင်ဆင်ထားကြလော့။နောဖမြို့သည်လူသူဆိတ်ငြိမ်ရာ သဲကန္တာရဖြစ်လိမ့်မည်။
20. အီဂျစ်ပြည်သည်မြောက်အရပ်မှ မှက်ကိုက်ခံရသည့် လှပဆူဖြိုးသည်နွားမနှင့်တူ၏။
21. အငှားစစ်သည်များပင်လျှင်နွားသငယ်များ သဖွယ် ခိုကိုးရာမဲ့ဖြစ်ကြ၏။သူတို့သည်ခုခံတိုက်ခိုက်မှုကိုမပြုဘဲ အားလုံးလှည့်၍ပြေးကြလေသည်။အဘယ်ကြောင့်ဆိုသော်သူတို့ဆုံးပါးပျက်စီး ရမည့်နေ့၊ကံကြမ္မာဆိုးကြုံတွေ့ရမည့်နေ့ရက်ကာလသည် ကျရောက်လာပြီဖြစ်သောကြောင့်တည်း။
22. ရန်သူတပ်မတော်နီးကပ်လာသည်နှင့်အီဂျစ် ပြည်သည် မြည်သံပြုသောမြွေကဲ့သို့ထွက်ပြေးလေ၏။လူတို့သစ်ပင်များကိုခုတ်သကဲ့သို့ရန်သူ တို့သည် သူ့အားရဲတင်းများနှင့်တိုက်ခိုက်ကြ၏။
23. သူတို့သည်သစ်တောကိုခုတ်လှဲသကဲ့သို့တိုက်ခိုက်ကြ၏။သူတို့၏လူများသည်မရေမတွက်နိုင်အောင် များပြား၍သူတို့၏စစ်သူရဲများသည်၊အရေအတွက် အားဖြင့် ကျိုင်းကောင်များထက်ပင်များပြားကြ၏။
24. အီဂျစ်ပြည်သူတို့သည်အရှက်ကွဲရကြ လေပြီ။သူတို့အားမြောက်အရပ်မှလူတို့က နှိမ်နင်းလိုက်ကြ၏'' ဟုမိန့်တော်မူ၏။
25. ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သိဘိမြို့၌ရှိသောအမ္မုန်ဘုရားကိုအီဂျစ် ပြည်၊ အီဂျစ်ဘုရားများ၊ ဘုရင်များနှင့် အတူဆုံးမမည်။ အီဂျစ်ပြည်ဘုရင်နှင့် သူ့ကိုအားထားယုံကြည်သူမှန်သမျှကို ငါဆုံးမမည်။-
26. သူတို့ကိုသတ်ဖြတ်လိုသူဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနှင့်တပ်မတော်လက်သို့ငါ ပေးအပ်မည်။ သို့ရာတွင်နောင်အခါ၌လူတို့ သည်ရှေးကာလများကနည်းတူ အီဂျစ်ပြည် တွင်ပြန်လည်နေထိုင်ကြလိမ့်မည်။ ဤကား ငါထာဝရဘုရားမြွက်ထားသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
27. ``ငါ၏လူမျိုးတော်တို့၊မကြောက်ကြနှင့်။ ဣသရေလ ပြည်သားတို့၊ထိတ်လန့်တုန်လှုပ်မှုမဖြစ် ကြနှင့်။သုံ့ပန်းများအဖြစ်နှင့်သင်တို့သေရကြ သောပြည်၊ထိုဝေးလံသောပြည်မှသင်တို့အားငါကယ် ဆယ်မည်။သင်တို့သည်ပြန်လာ၍ငြိမ်းချမ်းစွာနေထိုင် ရကြလိမ့်မည်။ ဘေးမဲ့လုံခြုံမှုရှိလိမ့်မည်။အဘယ်သူမျှသင်တို့အားကြောက်လန့် စေလိမ့်မည်မဟုတ်။
28. ငါသည်သင်တို့ထံသို့ကြွလာ၍ သင်တို့အားကယ်တင်မည်။သင်တို့အားငါကွဲလွင့်စေခဲ့ရာ နိုင်ငံတကာတို့ကိုငါဖျက်ဆီးမည်။သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည် မဟုတ်။ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း၊အပြစ်ဒဏ်ခတ်သောအခါ၌မူကားမျှတစွာ ဒဏ်ခတ်မည်။ဤကားငါထာဝရဘုရားပြောကြားသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။