1. ထာဝရဘုရားသည်ယုဒဘုရင်ဇေဒကိ နန်းစံဒသမနှစ်၌ ငါ့အားဗျာဒိတ်ပေး တော်မူ၏။ ထိုနှစ်သည်ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနန်းစံတစ်ဆယ့်ရှစ်နှစ် မြောက်ဖြစ်သတည်း။-
2. ထိုအခါ၌ဗာဗုလုန်မင်း၏တပ်မတော်သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လျက်ရှိ၏။ ငါ သည်လည်းဘုရင့်နန်းတော်ဝင်းအတွင်း၌ အချုပ်ခံလျက်နေရ၏။-
3. ဇေဒကိမင်းသည်ငါ့အားထိုအရပ်တွင် အကျဉ်းချထားပြီးနောက်``ဤမြို့ကိုဗာဗု လုန်ဘုရင်အားငါပေးအပ်မည်။ သူသည် ဤမြို့ကိုသိမ်းယူလိမ့်မည်။-
4. ဇေဒကိမင်းသည်ဗာဗုလုန်ပြည်သားတို့ ၏ဘေးမှလွတ်မြောက်ရလိမ့်မည်မဟုတ်။ ဗာဗုလုန်ဘုရင်၏လက်တွင်းသို့သက်ဆင်း ရကာသူနှင့်မျက်နှာချင်းဆိုင်တွေ့ဆုံပြော ဆိုရလိမ့်မည်။-
5. ဇေဒကိသည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်ခြင်း ကိုခံရ၍ သူ့အားငါမစီရင်မချင်းထိုမြို့ တွင်နေရလိမ့်မည်။ သူသည်ဗာဗုလုန်အမျိုး သားတို့အားပြန်လှန်၍ပင်တိုက်ခိုက်စေကာ မူအောင်မြင်လိမ့်မည်မဟုတ်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကားဖြစ်၏ ဟုမိန့်တော်မူကြောင်းအဘယ့်ကြောင့်ဟော ပြောကြေညာရသနည်း'' ဟုပြစ်တင် စွပ်စွဲ၏။
6-7. ထာဝရဘုရားသည်ငါ့အား``သင်၏ဦးရီး ရှလ္လုံ၏သားဟာနမေလသည်အာနသုတ် တွင်ရှိသည့် မိမိ၏လယ်မြေကိုဝယ်ယူရန် သင့်အားပြောကြားလာလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သင်သည်သူနှင့်အနီးဆုံး ဆွေမျိုးတော်စပ်သဖြင့် ထိုမြေကွက်ကို ဝယ်ယူပိုင်ခွင့်ရှိသူဖြစ်သောကြောင့်တည်း'' ဟုမိန့်တော်မူ၏။-
8. ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လျှင် ငါ့ညီဟာနမေလသည်ငါရှိရာအချုပ် ထောင်ဝင်းအတွင်းသို့လာ၍``ဗင်္ယာမိန်နယ်မြေ တွင်းရှိဒေသတွင်ရှိသည့်အကျွန်ုပ်၏လယ် မြေကိုဝယ်ယူပါ။ သင်သည်အကျွန်ုပ်နှင့်အနီး ဆုံးဆွေမျိုးတော်စပ်သဖြင့် ထိုမြေကိုဝယ်ယူ သိမ်းပိုက်နိုင်ခွင့်ရှိပါသည်'' ဟုဆို၏။ ထိုအခါ ငါသည်ဤအမှုကိုပြုရန်ထာဝရဘုရား မိန့်မှာထားတော်မူသည်ကိုသိသဖြင့်၊-
9. ဟာနမေလထံမှလယ်ကိုဝယ်ယူကာသူ့ အားငွေကိုချိန်တွယ်၍ပေး၏။ လယ်ဖိုးငွေ သားမှာတစ်ဆယ့်ခုနစ်ခုဖြစ်သတည်း။-
10. ငါသည်အသိသက်သေများ၏ရှေ့တွင်စာချုပ် ကိုလက်မှတ်ရေးထိုးကာ ချိပ်တံဆိပ်ခတ်နှိပ် ပြီးလျှင်ငွေကိုချိန်ခွင်ဖြင့်ချိန်တွယ်၍ ပေး၏။-
11. ထိုနောက်ငါသည်နှစ်ဦးနှစ်ဝသဘောတူညီ ချက်နှင့်စည်းကမ်းသတ်မှတ်ချက်များပါရှိ သည့် ချိပ်တံဆိပ်နှိပ်ထားသောစာချုပ်တစ် စောင်နှင့်ချိပ်တံဆိပ်ခတ်နှိပ်မထားသည့် စာချုပ်လက်ခံတစ်စောင်ကိုယူ၍၊-
12. မာသေယ၏မြေး၊ နေရိ၏သားဗာရုတ်၏ လက်သို့ပေးအပ်လိုက်လေသည်။ ထိုစာချုပ် များကိုငါသည်သူ့အားယာနမေလ၏ ရှေ့၌လည်းကောင်း၊ အရောင်းအဝယ်ပြုရာ တွင်အသိသက်သေများအဖြစ်လက်မှတ် ရေးထိုးခဲ့သူများ၏ရှေ့၌လည်းကောင်း၊ အချုပ်ထောင်ဝင်းအတွင်းတွင်ထိုင်လျက် နေကြသောဟေဗြဲအမျိုးသား၏ရှေ့၌ လည်းကောင်းပေးအပ်ခြင်းဖြစ်သတည်း။-
13. ငါသည်ထိုသူအားလုံးတို့၏ရှေ့၌ဗာရုတ် အား၊-
14. ``ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားကသင့် အား`ဤချိပ်တံဆိပ်ခတ်နှိပ်ထားသည့်မြေ ဝယ်စာချုပ်နှင့်ချိပ်တံဆိပ်ခတ်နှိပ်မထား သည့်စာချုပ်တို့ကိုယူ၍ နှစ်ပေါင်းများစွာ မပျက်မစီးဘဲရှိစေရန်မြေအိုးထဲတွင် ထည့်ထားရမည်ဟုမိန့်တော်မူလေပြီ။-
15. ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက ဤပြည် တွင်အိမ်များလယ်ယာများနှင့်စပျစ်ဥယျာဉ် များကိုနောက်တစ်ဖန်အရောင်းအဝယ်ပြု လုပ်ကြလိမ့်ဦးမည်ဟုမိန့်တော်မူလေပြီ'' ဟုမှာကြား၏။