8. ``မကြာမီပင်သင်သည် ငါ၏အမျက်တော် ဒဏ်ကိုအပြည့်အဝသင့်အပေါ်သို့သွန်း လောင်းလိမ့်မည်။ ငါသည်သင်ပြုခဲ့သောအမှု များအတွက် သင့်အားတရားစီရင်မည်။ သင် ပြုသည့်စက်ဆုပ်ဖွယ်ရာအမှုများ၏အကျိုး ဆက်ကိုသင့်အားငါပေးအပ်မည်။-
9. ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။
10. ဘေးဒုက္ခရောက်ရာကာလသည်ချဉ်းကပ်လာ လေပြီ။ အကြမ်းဖက်မှုသည်ရှင်သန်ကြီးထွား လျက်ရှိ၏။ မာန်မာနထောင်လွှားမှုအကြီး မားဆုံးအချိန်ပင်ဖြစ်၏။-
11. အကြမ်းဖက်မှုသည်ယုတ်မာမှုကိုတိုးပွား စေလိမ့်မည်။ သူတို့နှင့်ဆိုင်သမျှကျန်ရှိလိမ့် မည်မဟုတ်။ သူတို့၏စီးပွားချမ်းသာဂုဏ် အသရေတို့သည်ကျန်ရှိလိမ့်မည်မဟုတ်။