3. လူတို့အားငါအရှင်ထာဝရဘုရားအဘယ် သို့မိန့်တော်မူသည်ကိုဆင့်ဆိုလော့။``စိရတောင်တို့၊ငါသည်သင်၏ရန်သူဖြစ်၏။ငါ၏လက်ကိုဆန့်၍ငါသည်သင့်အားလူသူ ဆိတ်ငြိမ်ရာမြေရိုင်းဒေသဖြစ်စေမည်။
4. သင်၏မြို့တို့ကိုယိုယွင်းပျက်စီးစေ၍ သင့်ကို လူသူဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။ထိုအခါငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်း သင်သိရှိလိမ့်မည်။''
5. ``သင်သည်ဣသရေလပြည်အားအစဉ်ရန် ငြိုးဖွဲ့၏။ ထိုပြည်သည်မိမိ၏ဒုစရိုက်များ ကြောင့်အပြစ်ဒဏ်သင့်၍ ဘေးအန္တရာယ်ရောက် သောအခါသင်သည်ထိုပြည်သူတို့အား သတ်ဖြတ်စေခဲ့၏။-
6. သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သော ကြောင့်သင်သည်သေရလိမ့်မည်။ အသက် ချမ်းသာရနိုင်မည်မဟုတ်။ သင်သည်လူ သတ်သမားဖြစ်သဖြင့်သင်ကိုယ်တိုင် အသတ်ခံရလိမ့်မည်။-
7. ငါသည်စိရတောင်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေလျက် ယင်းကိုဖြတ်သန်း သွားလာသူမှန်သမျှကိုသုတ်သင်ပစ် မည်။-
8. တောင်များကိုလူသေအလောင်းများနှင့်ဖုံး လွှမ်းစေမည်။ စစ်ပွဲတွင်ကျဆုံးသူတို့၏ အလောင်းများသည်တောင်ကုန်းများ၊ ချောင်း များ၊ ချိုင့်ဝှမ်းများတွင်ပြည့်နှက်၍နေလိမ့် မည်။-
9. ငါသည်သင့်အားအစဉ်လူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေမည်။ သင်၏မြို့တို့တွင်နောက် တစ်ဖန်အဘယ်သူမျှနေထိုင်လိမ့်မည်မ ဟုတ်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်သိလိမ့်မည်။
10. ``ငါထာဝရဘုရားသည်ယုဒနှင့်ဣသရေလ အမျိုးသားတို့၏ဘုရားဖြစ်တော်မူပါ လျက် သင်သည်ထိုလူမျိုးတို့နှင့်သူတို့၏ ပြည်များကိုပိုင်၍ မိမိလက်ဝယ်သို့ရောက် ရှိစေမည်ဟူ၍ဆိုချေသည်။-
11. သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သည် အတိုင်း ငါ၏လူမျိုးတော်အားသင်အမျက် ထွက်ခြင်း၊ ငြူစူခြင်း၊ မုန်းထားခြင်းကြောင့် သင့်အားငါစီရင်မည်။ သင်သည်သူတို့ အားပြုခဲ့သည့်အမှုများအတွက်အပြစ် ဒဏ်ခံရကြောင်းကိုသူတို့သိရှိကြလိမ့် မည်။-