3. အရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူသည်ကို အီဂျစ်ဘုရင်ဖာရောမင်းအား ဆင့်ဆိုရမည်မှာ မြစ်ထဲရှိခွန်အားကြီးမား သောအချင်းမိကျောင်း၊ ငါသည်သင်၏ရန်သူ ဖြစ်၏။ နိုင်းမြစ်ကိုသင်ပိုင်သည်၊ ထိုမြစ်ကား သင်ဖန်ဆင်းထားသောအရာဖြစ်သည်ဟု သင်ဆို၏။-
4. ငါသည်သင်၏မေးရိုးကိုသံချိတ်ဖြင့်ချိတ် ၍ သင်၏မြစ်ထဲမှငါးတို့ကိုသင့်ကိုယ်တွင် ကပ်၍နေစေမည်။-
5. ထိုနောက်ယင်းသို့ကပ်နေသည့်ငါးများနှင့် တကွ သင့်အားနိုင်းမြစ်ထဲမှဆွဲထုတ်ကာ၊ တောကန္တာရ၌ပစ်ထားမည်။ သင်၏အလောင်း သည်မြေပေါ်သို့ကျလိမ့်မည်။ သင်္ဂြိုဟ်ခြင်း ကိုခံရမည်မဟုတ်။ ငှက်များ၊ တိရစ္ဆာန် များ၏အစာဖြစ်စေမည်။-
6. ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်း အီဂျစ်ပြည်သားအပေါင်း တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ထာဝရဘုရားက``ဣသရေလအမျိုးသား တို့အတွက် သင်သည်ကူရိုးမျှသာဖြစ်၏။-
7. သူတို့သည်သင်၏အပေါ်သို့အားပြုလိုက် သောအခါ သင်သည်ကျိုးပြတ်၍သူတို့၏ ပခုံးများကိုထိရှကာသူတို့၏ခါးများ ကိုလိမ်ဆွဲစေ၏။-
8. သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်ဋ္ဌားလက်နက်စွဲ ကိုင်သူတို့အားသင့်ကိုတိုက်ခိုက်ရန်စေလွှတ် မည်။ သူတို့သည်သင်၏လူများ၊ တိရစ္ဆာန်များ ကိုသတ်ဖြတ်ကြလိမ့်မည်။-
9. အီဂျစ်ပြည်သည်လူသူဆိတ်ငြိမ်ရာအရပ် ဖြစ်လိမ့်မည်။ ထိုအခါငါသည်ဘုရားသခင် ဖြစ်တော်မူသည်ကိုသင်တို့သိရှိရလိမ့် မည်။''``နိုင်းမြစ်သည်သင်၏ကိုယ်ပိုင်ပစ္စည်း၊ သင်ဖန် ဆင်းသောအရာဖြစ်သည်ဟုဆိုသဖြင့်၊-
10. ငါသည်သင်၏ရန်သူ၊ နိုင်းမြစ်၏ရန်သူ ဖြစ်၏။ မြောက်ဘက်ရှိမိဂဒေါလမြို့မှသည် တောင်ဘက်သုဏေမြို့တိုင်အောင်၊ ဆူဒန်နယ် စပ်အထိအီဂျစ်ပြည်တစ်ပြည်လုံးကို လူသူဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။-
11. မည်သည့်လူနှင့်တိရစ္ဆာန်မျှထိုပြည်ကို ဖြတ်သန်းသွားလာလိမ့်မည်မဟုတ်။ အနှစ် လေးဆယ်တိုင်တိုင်ထိုပြည်တွင်နေသူရှိ လိမ့်မည်မဟုတ်။-
12. ငါသည်အီဂျစ်ပြည်ကိုကမ္ဘာပေါ်တွင်လူသူ အဆိတ်ငြိမ်ဆုံးအရပ်ဖြစ်စေမည်။ အနှစ် လေးဆယ်တိုင်တိုင်အီဂျစ်ပြည်မှမြို့များ သည်အခြားအဘယ်မြို့နှင့်မျှမတူအောင် ပျက်စီးယိုယွင်း၍နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့အားဒုက္ခသည်များ ဖြစ်စေမည်။ သူတို့သည်အတိုင်းတိုင်း အပြည်ပြည်သို့ထွက်ပြေးကာလူမျိုး ခြားတို့ထံတွင်နေထိုင်ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
13. အရှင်ထာဝရဘုရားက``အနှစ်လေးဆယ် ကြာသောအခါ အီဂျစ်ပြည်သားတို့အား ငါပျံ့နှံ့စေရာအရပ်များမှပြန်လည် ခေါ်ဆောင်ကာ၊-
14. သူတို့၏မူရင်းဌာနေဖြစ်သောအီဂျစ် ပြည်တောင်ပိုင်းတွင်နေထိုင်စေမည်။ သူတို့ ၏နိုင်ငံသည်သိမ်ငယ်သောနိုင်ငံဖြစ်လိမ့် မည်။-