8. အရှင်ထာဝရဘုရားက``ယုဒအမျိုး သားတို့သည် လူမျိုးခြားအပေါင်းတို့နှင့် တူသည်ဟုမောဘပြည်နှင့်စိရမြို့သား တို့ဆိုသဖြင့်၊-
9. ငါသည်ထိုပြည်၏ကျက်သရေဆောင်ဗက် ယေရှိမုတ်၊ ဗာလမောင်နှင့်ကိရယသိမ်မြို့ များအပါအဝင်နယ်ခြားခံတပ်မြို့တို့ ကိုရန်သူတို့အားတိုက်ခိုက်စေမည်။-
10. ငါသည်မောဘပြည်ကိုအမ္မုန်ပြည်နှင့် အတူ အရှေ့အရပ်မှလူမျိုးအနွယ်တို့ လက်သို့အပိုင်ပေးအပ်မည်။ သို့ဖြစ်၍ မောဘပြည်သည်တိုင်းနိုင်ငံတစ်ခု အဖြစ်ဖြင့်ရပ်တည်နိုင်တော့မည်မဟုတ်။-
11. မောဘပြည်သားတို့ကိုငါအပြစ်ဒဏ်ပေး မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
12. အရှင်ထာဝရဘုရားက``ဧဒုံပြည်သည် ရက်စက်စွာယုဒပြည်ကိုလက်စားချေ ခြင်းအားဖြင့်ကြီးလေးသောအပြစ်ကို ကူးလွန်၏။-
13. သို့ဖြစ်၍အရှင်ထာဝရဘုရားက ငါသည် ဧဒုံပြည်ကိုဒဏ်ခတ်၍လူနှင့်တိရစ္ဆာန်ရှိ သမျှတို့ကို ပယ်ရှင်းမည်ဖြစ်ကြောင်းကြေ ညာ၏။ ငါသည်တေမာန်မြို့မှသည်ဒေဒန် မြို့တိုင်အောင် လူသူဆိတ်ညံရာအရပ်ဖြစ် စေမည်။ လူတို့သည်လည်းစစ်ပွဲတွင်ကျ ဆုံးကြလိမ့်မည်။-
14. ငါ၏လူမျိုးတော်ဣသရေလအမျိုး သားတို့သည် ငါ၏ကိုယ်စားဧဒုံပြည်သား တို့ကိုလက်စားချေလျက် ငါ၏ပြင်းထန်သော အမျက်ဒေါသဒဏ်ကိုခံစေလိမ့်မည်။ ငါ ၏လက်စားချေမှုကိုဧဒုံပြည်သားတို့ သိရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤ ကားအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။
15. အရှင်ထာဝရဘုရားက``ဖိလိတ္တိပြည်သား များသည် မိမိတို့၏ရာသက်ပန်ရန်သူယုဒ အားရက်စက်စွာလက်စားချေကာ မုန်းတီး စိတ်ဖြင့်ဖျက်ဆီးသုတ်သင်ပစ်ကြ၏။-
16. သို့ဖြစ်၍အရှင်ထာဝရဘုရားက ငါသည် လက်တော်ကိုဆန့်လျက်ဖိလိတ္တိပြည်သားတို့ အား တိုက်ခိုက်၍ခေရသိလူမျိုးတို့ကိုဖယ် ရှားပစ်မည်ဖြစ်ကြောင်းကြေညာ၏။ ပင်လယ် ကမ်းနားတွင်အသက်ရှင်လျက် ကျန်ရှိသမျှ သောသူတို့အားငါသုတ်သင်ပစ်မည်။-
17. သူတို့အားပြင်းထန်စွာအပြစ်ပေး၍အ ပြည့်အဝလက်စားချေမည်။ သူတို့သည် ငါ၏အမျက်တော်ဒဏ်ကိုခံရကြလိမ့် မည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။