32. ထိုနောက်ဖိနဟတ်နှင့်အကြီးအကဲတို့သည် ရုဗင်အနွယ်ဝင်နှင့်ဂဒ်အနွယ်ဝင်တို့နေထိုင် ရာဂိလဒ်ပြည်မှခါနာန်ပြည်သို့ပြန်ရောက် ပြီးလျှင် ဣသရေလအမျိုးသားတို့အား မိမိတို့ဆောင်ရွက်ခဲ့သမျှကိုပြန်ကြား ကြလေသည်။-
33. ထိုအခါဣသရေလအမျိုးသားတို့သည် ကျေနပ်ဝမ်းမြောက်လျက် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ သူတို့သည်ရုဗင် အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်တို့နေထိုင်ရာပြည် ကိုစစ်ချီတိုက်ခိုက်ဖျက်ဆီးရန်မကြံစည် ကြတော့ချေ။-
34. ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်တို့က``ထာဝရ ဘုရားသည်ဘုရားသခင်ဖြစ်တော်မူကြောင်း ကိုဤယဇ်ပလ္လင်သည်ငါတို့၏သက်သေဖြစ် ပါစေသော'' ဟုဆိုလျက်ထိုယဇ်ပလ္လင်ကို ``သက်သေ'' ဟုမှည့်ခေါ်ကြလေသတည်း။