1. ထိုနောက်ယောရှုသည်ရုဗင်၊ ဂဒ်နှင့်အရှေ့ ဘက်မနာရှေအနွယ်ဝင်တို့ကိုဆင့်ခေါ် ပြီးလျှင်၊-
2. ``သင်တို့သည်ထာဝရဘုရား၏အစေခံ မောရှေမိန့်မှာသမျှကိုဆောင်ရွက်၍ ငါ၏ အမိန့်အားလုံးကိုလည်းလိုက်နာခဲ့ကြ ပြီ။-
3. သင်တို့သည်ယနေ့တိုင်အောင်ဣသရေလ အမျိုးသားချင်းတို့ကိုသစ္စာရှိရှိဖြင့်ကူညီ ခဲ့ကြ၏။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားမိန့်တော်မူသမျှအတိုင်းတစ်သဝေ မတိမ်းလိုက်နာခဲ့ကြပြီ။-
4. ယခုမှာသင်တို့၏ဘုရားသခင်ထာဝရ ဘုရားကတိတော်ရှိသည်အတိုင်း သင်တို့ ၏အမျိုးသားချင်းတို့သည်ငြိမ်းချမ်းစွာ နေထိုင်ရကြပြီ။ သို့ဖြစ်၍သင်တို့သည် ထာဝရဘုရား၏အစေခံမောရှေသတ် မှတ်ပေးခဲ့သောယော်ဒန်မြစ်အရှေ့ဘက် ရှိသင်တို့ပိုင်နယ်မြေသို့ပြန်ကြလော့။-
5. သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်ကြလော့။ ကိုယ်တော်၏ပညတ်တော်များ ကိုစောင့်ထိန်းလော့။ အလိုတော်အတိုင်းကျင့် ၍ကိုယ်တော်၏သစ္စာကိုစောင့်ကြလော့။ အမှု တော်ကိုကိုယ်စွမ်း၊ စိတ်စွမ်းရှိသမျှဖြင့် ဆောင်ရွက်ကြလော့ဟူ၍ မောရှေမိန့်မှာခဲ့ သည့်အတိုင်းလိုက်နာရန်သတိပြုကြ လော့'' ဟုမှာကြားလေ၏။-
6-8. ထိုနောက်ယောရှုက``သင်တို့သည်သိုး၊ နွား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာမြောက် မြားစွာတို့ကိုရန်သူတို့ထံမှသိမ်းယူ ရရှိကြပြီ။ သင်တို့နေရပ်သို့ပြန်ရောက် သောအခါ ထိုပစ္စည်းဥစ္စာများကိုသင်တို့ ၏ဆွေမျိုးသားချင်းတို့အားဝေမျှကြ လော့'' ဟုဆို၍ကောင်းချီးပေးလျက်သူ တို့ကိုပြန်စေ၏။ ထိုနောက်သူတို့သည် မိမိတို့၏နေရပ်သို့ပြန်သွားကြလေ သည်။မောရှေသည်မနာရှေအနွယ်တစ်ဝက်တို့ အားယော်ဒန်မြစ်အရှေ့ဘက်တွင်နယ်မြေ ကိုခွဲဝေပေးခဲ့၏။ သို့ရာတွင်ယောရှုသည် ကျန်မနာရှေအနွယ်တစ်ဝက်တို့အား အခြား ဣသရေလအနွယ်တို့နှင့်အတူနေထိုင်ရန် ယော်ဒန်မြစ်အနောက်ဘက်တွင်နယ်မြေကို ခွဲဝေပေးသတည်း။
9. ထို့ကြောင့်ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ မနာရှေအနွယ်တို့သည် မိမိတို့နေရပ်သို့ ပြန်သွားကြ၏။ သူတို့သည်ခါနာန်ပြည်၊ ရှိလောမြို့တွင်ရှိသောကျန်အခြားဣသ ရေလအမျိုးသားတို့ထံမှထွက်ခွာ၍ မောရှေမှတစ်ဆင့်ထာဝရဘုရားပေး တော်မူသည့်အမိန့်အရ သူတို့သိမ်းပိုက် ပြီးသောဂိလဒ်ပြည်သို့ပြန်သွားကြ၏။
10. ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့်အရှေ့ မနာရှေအနွယ်ဝင်တို့သည်ယော်ဒန်မြစ် အနောက်ဘက် ဂဲလိလော့အရပ်သို့ရောက်ရှိကြသောအခါ မြစ်အနီးတွင်ကြီးကျယ်ခမ်းနားသောယဇ် ပလ္လင်ကိုတည်ဆောက်ကြ၏။-
11-12. အခြားဣသရေလအမျိုးသားတို့သည် မိမိတို့ပိုင်နက်ဖြစ်သောယော်ဒန်မြစ်အနောက် ဘက်ဂဲလိလော့အရပ်၌ရုဗင်အနွယ်ဝင်၊ ဂဒ် အနွယ်ဝင်နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ က ယဇ်ပလ္လင်တည်ကြသည့်သတင်းကိုကြား ရသောအခါ အရှေ့အနွယ်ဝင်တို့အားစစ် ချီတိုက်ခိုက်ရန်ရှိလောမြို့သို့စုရုံးရောက် ရှိလာကြ၏။
13. ထိုနောက်သူတို့သည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်ကိုဂိလဒ်ပြည်တွင်ရှိ သောရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့မနာရှေအနွယ်ဝင်တို့ထံသို့စေ လွှတ်ကြလေသည်။-
14. အနွယ်တစ်နွယ်စီမှမိသားစုခေါင်းဆောင် တစ်ဦးကျ၊ စုစုပေါင်းအကြီးအကဲဆယ် ဦးတို့သည်ဖိနဟတ်နှင့်အတူလိုက် ပါသွားကြ၏။-
15. သူတို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်ရှိလာကြ၍၊-
16. ထာဝရဘုရား၏လူစုတစ်စုလုံး၏ကိုယ် စားသူတို့အား ပြောကြားသည်မှာ``သင်တို့သည် အဘယ်ကြောင့်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားဆန့်ကျင်၍ ဤမိုက်မဲ သောအမှုကိုပြုကြသနည်း။ သင်တို့သည် ဤယဇ်ပလ္လင်ကိုတည်ခြင်းအားဖြင့် ထာဝရ ဘုရားအားပုန်ကန်ကြပြီ။ ကိုယ်တော်ကို ပစ်ပယ်ကြပြီတကား။-
17. ပေဂုရအရပ်တွင်ငါတို့လွန်ကူးသော အပြစ်ကြောင့်ထာဝရဘုရားသည် မိမိ၏ လူမျိုးတော်အားကပ်ရောဂါဘေးသင့်စေ တော်မူသည်မဟုတ်လော။ ထိုအပြစ်၏ဆိုး ကျိုးကိုငါတို့သည်ခံနေရဆဲဖြစ်သည် မဟုတ်လော။ ထိုအပြစ်မျိုးကိုထပ်မံ ကူးလွန်ကြဦးမည်လော။-