20. ထိုနောက်သူသည်ကျောက်ပြားကိုသေတ္တာ တော်ထဲ၌ထည့်ထား၏။ သေတ္တာတော်ကွင်း များတွင်ထမ်းပိုးများကိုလျှို၍၊ သေတ္တာ တော်အဖုံးကိုတင်၏။-
21. ထိုနောက်သူသည်သေတ္တာတော်ကိုတဲတော် အတွင်း၌သွင်း၍ ကန့်လန့်ကာကိုကာသ ဖြင့်၊ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သေတ္တာကိုကာထားလေ၏။-
22. သူသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းစားပွဲကိုထာဝရဘုရားစံတော် မူရာတဲတော်အတွင်း မြောက်ဘက်၊ ကန့်လန့် ကာအပြင်ဘက်တွင်နေရာချထား၍၊-
23. ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားရှေ့တော်၌ဆက်သရန် မုန့်ကိုစားပွဲပေါ်၌တင်ထား၏။-
24. သူသည်ဆီမီးတိုင်ကိုထာဝရဘုရား စံတော်မူရာတဲတော်အတွင်း၊ တောင်ဘက် စားပွဲ၏တစ်ဘက်တွင်ထား၏။-
25. ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း ထာဝရဘုရားရှေ့တော်တွင်မီး ခွက်များကိုထွန်းညှိလေ၏။-
26. ရွှေပလ္လင်ကိုလည်းထာဝရဘုရားစံတော်မူ ရာတဲတော်အတွင်း၊ ကန့်လန့်ကာအရှေ့တွင် နေရာချထား၏။-
27. ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပလ္လင်ပေါ်တွင်နံ့သာပေါင်းကိုမီးရှို့လေ၏။-
28. သူသည်တဲတော်တံခါးဝတွင်ကန့်လန့်ကာ ကိုတပ်ဆင်ပြီးနောက်-
29. ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝရှေ့တွင် မီးရှို့ရာယဇ်ပလ္လင်ကိုနေရာချထား ၏။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူသည်မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဘောဇဉ် ပူဇော်သကာကိုလည်းကောင်းပလ္လင်ပေါ်တွင် ပူဇော်လေ၏။-
30. သူသည်အင်တုံကိုထာဝရဘုရားစံတော်မူ ရာတဲတော်နှင့် ယဇ်ပလ္လင်အကြားတွင် နေရာချ ထား၍ရေထည့်ထား၏။-