7. ယဇ်ပုရောဟိတ်မင်း၏သင်တိုင်း နှင့်ရင်ဖုံးတို့တွင်စီချယ်သည့်မဟူရာကျောက် နှင့် အခြားသောကျောက်မျက်ရတနာများ ဖြစ်၏။-
8. ငါသည်သူတို့နှင့်အတူနေနိုင်ရန် ငါ့အတွက် တဲတော်ကိုတည်ဆောက်ရကြမည်။-
9. တဲတော်နှင့်အသုံးအဆောင်ရှိသမျှတို့ကို ငါပြမည့်ပုံစံအတိုင်းပြုလုပ်ရမည်။
10. ``အလျားလေးဆယ့်ငါးလက်မ၊ အနံနှစ်ဆယ့် ခုနစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက်မရှိ သောသေတ္တာတစ်လုံးကိုအကာရှသစ်သား ဖြင့်ပြုလုပ်လော့။-
11. သေတ္တာအတွင်းအပြင်ကိုရွှေချ၍အနားပတ် လည်ကိုရွှေကွပ်ထားရမည်။-
12. သေတ္တာကိုသယ်ဆောင်ရန်ရွှေကွင်းလေးကွင်းကို သွန်းလုပ်၍၊ ခြေလေးထောင့်တွင်တစ်ဘက်လျှင် နှစ်ကွင်းစီတပ်ထားရမည်။-
13. အကာရှသစ်သားဖြင့်ထမ်းပိုးများပြုလုပ်၍ ရွှေချထားရမည်။-
14. သေတ္တာကိုသယ်ဆောင်ရန်ထမ်းပိုးများကိုသေတ္တာ တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။-