28. သင်တို့တွင်စိတ်ဖောက်ပြန်ခြင်း၊ မျက်စိကွယ် ခြင်း၊ တွေဝေခြင်းစသည့်အဖြစ်ဆိုးများ နှင့်တွေ့ကြုံရလိမ့်မည်။-
29. နေ့ခင်းကြောင်တောင်၌ပင်လျှင်စမ်းတဝါး ဝါးသွားရသောမျက်မမြင်ကဲ့သို့ သင်တို့ သည်လမ်းကိုရှာမတွေ့ဖြစ်လိမ့်မည်။ လုပ် ဆောင်သမျှတို့၌အောင်မြင်လိမ့်မည်မဟုတ်။ သင်တို့သည်သူတစ်ပါး၏နှိပ်စက်ခြင်း၊ လု ယူခြင်းကိုအမြဲခံရလျက်မည်သူကမျှ သင်တို့အားကယ်မည်မဟုတ်။
30. ``သင်နှင့်လက်ထပ်ရန်စေ့စပ်ထားသောမိန်းမ ကို အခြားသူတစ်ယောက်ကမယားအဖြစ် ပေါင်းသင်းလိမ့်မည်။ သင်သည်အိမ်ကိုဆောက် သော်လည်းထိုအိမ်တွင်မနေရ။ စပျစ်ဥယျာဉ် ကိုစိုက်သော်လည်းအသီးကိုမစားရ။-
31. သင်၏နွားကိုသင့်မျက်စိရှေ့တွင်သတ်သော် လည်း သင်သည်အသားကိုမစားရ။ သင်၏ မြည်းများခိုးယူသွားသည်ကိုမျက်စိဖြင့် မြင်ရသော်လည်း မြည်းများကိုပြန်မရ။ သင်၏သိုးများရန်သူ့လက်သို့ကျရောက် လိမ့်မည်။ သို့ရာတွင်သင့်အားကူညီမည့် သူရှိလိမ့်မည်မဟုတ်။-
32. သင်၏မျက်မှောက်တွင်သင်၏သားသမီး များကို လူမျိုးခြားသားတို့ကကျွန် အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြလိမ့် မည်။ နေ့စဉ်သင်သည်သားသမီးများ ပြန်ရောက်လာနိုးနိုးဖြင့်မျှော်သော်လည်း မျက်စိညောင်းရုံသာရှိမည်။-
33. သင်တို့ပင်ပန်းကြီးစွာစိုက်ပျိုးရသော အသီးအနှံအားလုံးကို အခြားတစ်နိုင်ငံ သားတို့ကသိမ်းယူလိမ့်မည်။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုအမြဲခံရရုံမှ တစ်ပါး မည်သည့်အကျိုးအမြတ်ကိုမျှ ခံစားရလိမ့်မည်မဟုတ်။-
34. သင်တို့ခံရသောဆင်းရဲဒုက္ခကြောင့်သင် တို့ရူးသွပ်ကြလိမ့်မည်။-
35. သင်တို့၏ခြေထောက်များတွင်နာကျင်၍ မပျောက်နိုင်သောအနာများပေါက်လိမ့်မည်။ သင်၏တစ်ကိုယ်လုံးတွင်အနာစိမ်းများ ပေါက်လိမ့်မည်။
36. ``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့ ၏ဘုရင်ကို သင်တို့နှင့်သင်တို့၏ဘိုးဘေး များမရောက်ဘူးသောနိုင်ငံရပ်ခြားသို့ ဖမ်းဆီးခေါ်ဆောင်သွားစေတော်မူလိမ့်မည်။ သင်တို့သည်ထိုပြည်တွင်သစ်သားနှင့် ကျောက်နှင့်ထုလုပ်သောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
37. သင်တို့ကိုအပြည်ပြည်သို့ကွဲလွင့်စေတော် မူသောအခါ ယင်းပြည်သားတို့သည်သင် တို့၏အဖြစ်ကိုမြင်၍ထိတ်လန့်ကြလိမ့် မည်။ သင်တို့အားပြောင်လှောင်သရော်ကဲ့ရဲ့ ရှုတ်ချကြလိမ့်မည်။
38. ``သင်တို့သည်မျိုးစေ့များစွာကြဲသော် လည်းထွက်လာသော အသီးအနှံများကို ကျိုင်းကောင်များကိုက်စားသောကြောင့် အနည်းငယ်မျှသာရိတ်သိမ်းရလိမ့်မည်။-
39. သင်တို့သည်စပျစ်ဥယျာဉ်များစိုက်ပျိုး ပြုစုသော်လည်း စပျစ်နွယ်များကိုပိုးကိုက် သဖြင့်စပျစ်သီးကိုမစားရ။ စပျစ်ရည်ကို လည်းမသောက်ရ။-