12. ကိုယ်တော်ရှင်သည်မိုးကောင်းကင်ကိုဖွင့်၍ ရာသီအလိုက်မိုးကိုရွာစေလျက်သင်လုပ် ဆောင်သမျှကိုအောင်မြင်စေတော်မူသဖြင့် သင်တို့သည်နိုင်ငံများစွာတို့အားချေးငှား ရလိမ့်မည်။ သို့ရာတွင်သင်တို့သည်မည်သည့် နိုင်ငံထံမှချေးယူရန်လိုမည်မဟုတ်။-
13. သင်တို့အားငါယနေ့ဆင့်ဆိုသောပညတ် များကိုတစ်သဝေမတိမ်းလိုက်နာစောင့်ထိန်း လျှင် သင်တို့သည်နိုင်ငံများ၏နောက်လိုက်မဖြစ် ဘဲခေါင်းဆောင်နေရာ၌နေရလိမ့်မည်။ သင် တို့သည်စီးပွားမကျဆင်းဘဲ အစဉ်အမြဲ တိုးတက်လိမ့်မည်။-
14. ထို့ကြောင့်သင်တို့သည်ဤပညတ်များကို တစ်သဝေမတိမ်းလိုက်နာစောင့်ထိန်းရမည်။ အခြားသောဘုရားများကိုလည်းမကိုး ကွယ်မဆည်းကပ်ရ။
15. ``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
16. ``ထာဝရဘုရားသည် သင်တို့၏မြို့များနှင့် လယ်များကိုကျိန်စာသင့်စေတော်မူမည်။
17. ``ထာဝရဘုရားသည် သင်တို့၏ကောက်ပဲသီးနှံ နှင့် ၎င်းမှရသောအစားအစာတို့ကိုကျိန်စာ သင့်စေတော်မူမည်။
18. ``ထာဝရဘုရားသည် သင်တို့တွင်သားသမီး အနည်းငယ်မျှသာထွန်းကားစေရန်လည်း ကောင်း၊ သင်တို့၏ကောက်ပဲသီးနှံကိုညံ့ဖျင်း စေရန်လည်းကောင်း၊ သိုးနွားအနည်းငယ်မျှ ကိုသာရရှိစေရန်လည်းကောင်း သင်တို့အား ကျိန်စာသင့်စေတော်မူမည်။
19. ``ထာဝရဘုရားသည် သင်တို့ပြုလေသမျှ ကိုကျိန်စာသင့်စေတော်မူမည်။-
20. ``သင်တို့သည်ဒုစရိုက်ကိုပြု၍ ထာဝရ ဘုရားကိုစွန့်ပယ်လျှင် သင်တို့ဆောင်ရွက် သမျှတို့၏အကျိုးဆက်များမှာပျက်စီး ဆုံးရှုံးခြင်း၊ သောကဗျာပါဒနှင့်ဆင်းရဲ ဒုက္ခများဖြစ်လိမ့်မည်။ သို့ဖြစ်၍သင်တို့သည် လျင်မြန်စွာသေကြေပျက်စီးရလိမ့်မည်။-
21. သင်တို့တွင်ကပ်ရောဂါတစ်မျိုးနောက်တစ်မျိုး ကျရောက်သဖြင့် သင်တို့ဝင်ရောက်သိမ်းယူ မည့်ပြည်၌တစ်ယောက်မကျန်သေကြေ ပျက်စီးရလိမ့်မည်။-
22. ထာဝရဘုရားသည် သင်တို့တွင်ကူးစက် တတ်သောဖောရောင်၍ဖျားသောရောဂါ များကျရောက်စေလိမ့်မည်။ မိုးခေါင်ခြင်း၊ လေပူတိုက်ခတ်ခြင်းဒဏ်တို့ကြောင့်သင် တို့၏အသီးအနှံများလည်းပျက်စီး ရလိမ့်မည်။ သင်တို့သေကြေပျက်စီးသည့် တိုင်အောင် ဤဘေးဒုက္ခများနှင့်တွေ့ကြုံ ရလိမ့်မည်။-
23. မိုးမရွာသဖြင့်သင်တို့၏မြေသည်သံ ကဲ့သို့မာကျောလာလိမ့်မည်။-
24. ထာဝရဘုရားသည် မိုးရွာစေမည့်အစား ဖုံမုန်တိုင်း၊ သဲမုန်တိုင်းများကျရောက်စေ သဖြင့်သင်တို့သည်သေကြေပျက်စီးကုန် ကြလိမ့်မည်။
25. ``ထာဝရဘုရားသည်သင်တို့၏ရန်သူ များအားအောင်ပွဲခံစေမည်။ သင်တို့သည် ရန်သူအားလမ်းတစ်လမ်းတည်းဖြင့်တိုက် ခိုက်ကြလျက် စစ်ရှုံးသဖြင့်လမ်းအသွယ် သွယ်ဖြင့်ထွက်ပြေးရကြလိမ့်မည်။-
26. သင်တို့သေဆုံးသောအခါငှက်များနှင့် သားရဲတိရစ္ဆာန်တို့က သင်တို့၏အသား ကိုစားကြလိမ့်မည်။ ထိုငှက်နှင့်သားရဲ တိရစ္ဆာန်များကိုမောင်းနှင်မည့်သူရှိလိမ့် မည်မဟုတ်။-
27. အီဂျစ်အမျိုးသားတို့ကဲ့သို့ သင်တို့၌အနာ စိမ်းရောဂါစွဲစေတော်မူမည်။ သင်တို့၏ကိုယ် ပေါ်တွင်အနာပေါက်စေတော်မူမည်။ သင်တို့ တွင်ဆေးကု၍မရသောဝဲခြောက်နာ၊ ယား နာများစွဲကပ်လိမ့်မည်။-