21. ဤပညတ်များသည်နာဇရိဂိုဏ်းဝင်တို့ အတွက် ပြဋ္ဌာန်းထားသည့်ပညတ်များဖြစ် သည်။ သို့ရာတွင်လူတစ်ဦးသည်နာဇရိ ဂိုဏ်းဝင်ဖြစ်ရန်အတွက် အဋ္ဌိဋ္ဌာန်ပြုရန်လို အပ်သည်ထက်ပို၍ပြုခဲ့သော် ထိုအဋ္ဌိဋ္ဌာန် အတိုင်းဆောင်ရွက်စေရမည်။
22-23. အာရုန်နှင့်သူ၏သားတို့ဣသရေလအမျိုး သားတို့အားအောက်ပါအတိုင်း ကောင်းချီးမင်္ဂ လာပေးစေရန်ထာဝရဘုရားသည်မောရှေ မှတစ်ဆင့်မိန့်မှာတော်မူ၏။
24. ထာဝရဘုရားသည်သင်တို့အားကောင်းချီး ပေး၍၊ စောင့်ထိန်းတော်မူပါစေသော။
25. ထာဝရဘုရားသည်သင်တို့အားကရုဏာ ထား၍၊ ကျေးဇူးပြုတော်မူပါစေသော။
26. ထာဝရဘုရားသည်သင်တို့အားကြင်နာ စွာမျှော်ကြည့်၍ ချမ်းမြေ့သာယာမှုပေးတော်မူပါစေသော။
27. ထာဝရဘုရားက``ယဇ်ပုရောဟိတ်တို့သည် ဣသရေလအမျိုးသားတို့အားကောင်းချီး ပေးရန် ငါ၏နာမတော်ကိုမြွက်ဆိုလျှင် ငါ သည်သူတို့အားကောင်းချီးပေးတော်မူ မည်'' ဟုမိန့်တော်မူ၏။